၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အခမ်းအနား လွိုင်​​ကော်​တွင်​ကျင်းပ

February 12, 2019

၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနား  မြင်းခြံမြို့တွင်ကျင်းပ

၇၂နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို ဒီက​နေ့ မနက်​ ၇ နာရီက  မြင်းခြံမြို့ အမှတ်​ (၁) အ​ခြေခံပညာအထက်​တန်း​ကျောင်းမှာ ကျင်းပပါတယ်​။ ပြည်​​ထောင်​စု​နေ့ အခမ်းအနားမှာ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့်ထံက ​ပေးပို့​တဲ့ သဝဏ်​လွှာကို  မြင်းခြံခရိုင်​ စီမံခန့်​ခွဲမှု​ကော်​မတီဥက္ကဋ္ဌ ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူးကြီးလှ​ဝေက ဖတ်​ကြားခဲ့ပါတယ်​။ အခမ်းအနားကျင်းပတဲ့ အထက်တန်း ​ကျောင်းဝန်းအတွင်းမှာ ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ နံရံကပ်​စာ​စောင်​တွေနဲ့ ဓာတ်​ပုံတွေလည်း ခင်းကျင်း ပြသ​ပေးထား​ပါတယ်​။ ဒီအခမ်းအနားကို မြင်းခြံမြို့ရှိ တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ အစိုးရ ဌာနဆိုင်​ရာမှတာဝန်​ရှိသူတွေနဲ့  ​ကျောင်းသား၊ ကျောင်းသူ အင်​အား ၅၀၀ လောက် တက်​​ရောက်​ခဲ့ ကြပါတယ်​။ သတင်း၊ ဓာတ်​ပုံ - ရီရီထွန်း (မြင်းခြံ)
2 years Ago

၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အခမ်းအနား လွိုင်​​ကော်​တွင်​ကျင်းပ

ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့မှာ ကျ​ရောက်​တဲ့ ၇၂ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့ အခမ်းအနားကို ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့ရှိ ​ကျောက်​သားရင်​ပြင်​မှာ ဒီ​နေ့မနက်​က ကျင်းပပါတယ်​။ အခမ်းအနားမှာ နိုင်​ငံ​တော်​အလံအ​လေးပြုတာ​တွေ၊ ကျဆုံးအာဇာနည်​​တွေကို အ​လေးပြုတာ​တွေနဲ့ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့် ​ပေးပို့တဲ့ သဝဏ်​လွှာကို ပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးအယ်​​လ်​​ဖောင်းရှိုက ဖတ်​ကြားတာ​တွေ ပြုလုပ်​ခဲ့ပါတယ်​။ ကယားပြည်​နယ်​ဝန်​ကြီးချုပ်​၊ အစိုးရဌာနဆိုင်​ရာတွေ၊ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့ တချို့အပါအဝင်​ အခမ်းအနားကို လူဦး​ရေ ၁၀၀၀ ဝန်းကျင်​ တက်​​ရောက်​ခဲ့ပါတယ်​။ အခမ်းအနားပြီး​နောက်​မှာ​တော့ ​လှေ​လှော်​ပြိုင်​ပွဲ၊ ​ချောတိုင်​တက်​၊ လွန်​ဆွဲ၊ ​ခေါင်းအုံးရိုက်​ စတဲ့ ပြိုင်​ပွဲ​တွေကို ပြုလုပ်​ခဲ့ပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago
Up