၇၁ နှစ်အရွယ် အဘွား

A d v e r t i s e m e n t With Us

July 6, 2019

မိဘမဲ့ ကလေးငယ်များအတွက် ဘဝကိုပေးဆပ်ထားသည့် ၇၁ နှစ်အရွယ် အဘွား

ပြီးခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်း မိဘမဲ့ကလေးငယ်များကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်က အသက် ၇၁ နှစ်အရွယ် အဘွားကြီးတဦးကို တရုတ်အင်တာနက် အသုံးပြုသူများက သူတော်စင်ကြီးတယောက်အဖြစ် ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်နေကြတယ်လို့ ဇူလိုင် ၃ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ ဒီအမျိုးသမီးကြီးနာမည်က ကောင်ဇန်လန်ပါ။ သူမဟာ လမ်းပေါ်မှာဘဝကို ရုန်းကန်နေရတဲ့ မိဘမဲက လေးငယ်တဦးကို ပွေ့ဖက်မိခဲ့ရာကနေ ဒီလိုကလေးမျိုးတွေရဲ့ ဘဝကိုကယ်တင်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပြီး နှစ် ပေါင်း ၄၀ အတွင်း မိဘမဲ့ကလေးငယ် ၄၅ ဦးကိုပြုစုပျိုးထောင်ပေးကာ သူတို့ထဲက တချို့ကို ဆရာဝန်တွေ၊ ရှေ့နေတွေဖြစ်အောင် ပညာသင်ကြားပေးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးမွန်မြတ်တဲ့အလုပ်ကို ကာလရှည်ပြုလုပ်နိုင်ခဲ့ပေမယ့် ကောင်ဇန်လန်ကတော့ လူချမ်းသာတဦး မဟုတ်ပါဘူး။ ဒါပေမယ့် သူမဟာ ကလေးတွေအတွက် စားစရာ၊ နေစရာကို တရက်မှမပျက်အောင် စီမံပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မိဘမဲ့ကလေးတွေအတွက် ပညာရေးက တခုတည်းသော ထွက်ပေါက်အဖြစ် ယုံကြည်ထားတဲ့ ကောင်ဇန်လန်ဟာ သူစောင့်ရှောက်ထားတဲ့ ကလေးအားလုံးကို တယောက်မကျန် ပညာသင်စေခဲ့ပါတယ်။ ကောင်ဇန်လန်စောင့်ရှောက်ခဲ့တဲ့ ကလေးတွေမှာ အသက်အကြီးဆုံးက ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အသက်အငယ်ဆုံးကတော့ ကိုးလသားသာ ရှိပါသေးတယ်။ ဒီကလေးတွေ အားလုံးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ဖို့ ကောင်ဇန်လန်ဟာ တနေ့မှာ နှစ်နာရီသာ အိပ်စက်အနားယူခဲ့ရပြီး သူ့အိပ်ရခြင်း မအိပ်ရခြင်းထက် သူစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရဖို့က ပိုအရေးကြီးတယ်လို့ သူမကပြောပါတယ်။ အရွယ်ရောက်ပြီး အလုပ်အကိုင်ရရှိသွားသူတွေ ကကောင်ဇန်လန်ကို ထောက်ပံ့မှု ပြုလုပ်ရပေမယ့် ဒီကလေးတွေအတွက် လိုအပ်တဲ့ငွေကြေးကို ကောင်ဇန်လန် ကိုယ်တိုင်စိုက်ထုတ်ရပြီး တခါတရံမှာ အမှိုက်ကောက်ခြင်းနဲ့ လိုအပ်တဲ့ ငွေကြေးကို ရှာဖွေရပါတယ်။ မေတ္တာရှင်ကြီး ကောင်ဇန်လန်ရဲ့ ဇာတ်လမ်းဟာ ပြီးခဲ့တဲလက တရုတ်နိုင်ငံက မီဒီယာတွေမှာ ထင်ရှားလာခဲ့ပြီး အင်တာနက်အသုံးပြုသူ အများစုကတော့ သူမကို သူတော်စင်တယောက်လို့ တညီတညွတ်တည်း မှတ်ချက်ပြုကြပါတယ်။
2 years Ago
Up