၆ ကြိမ်မြောက် ကျင်းပတဲ့ အရှေ့တောင်အာရှ ချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၂၀ ရက်က ကျိုက္ကဆံမြားပစ်ကွင်းမှာ ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ မြန်မာ့ရိုးရာခြင်းလုံးခတ်သ ရုပ်ပြပွဲနဲ့ ရိုးရာသိုင်း သရုပ်ပြပွဲများ ထည့်သွင်းပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပါတယ်။
မြားပစ်ပြိုင်ပွဲမှာ ကွန်ပေါင်းနဲ့ ရီကတ်ပြိုင်ပွဲနှစ်မျိုးရှိပြီး တဦးချင်းမီတာ၇၀ အမှတ်ပေးပွဲ၊ တဦးချင်းရှုံး ထွက်ပွဲ၊ အသင်းလိုက်နဲ့ ကျားမရောနှောပြိုင်ပွဲ အမျိုးအစားလေးမျိုးထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ဇန်န၀ါရီ ၂၁ ရက်မှာ စတင်ပစ်ခတ်မှာဖြစ်ပြီး မြန်မာနိုင်ငံက ကစားသမား၂၀ ဦးနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ လာမယ့် သြဂုတ်မှာစတင်မယ့် မလေးရှားဆီးဂိမ်း အကြိုပြင်ဆင်မှုဖြစ်ပြီး မြန်မာမြားပစ် အားကစားအဖွဲ့ အနေနဲ့ အောင်မြင်မှုရရှိဖို့ ရည်မှန်းထားပါတယ်။
ဓာတ်ပုံ-လူထုပညာ
4 years Ago