၆ ဦးသေဆုံး

October 22, 2020

ဂီနီရွေးကောက်ပွဲ ကနဦးရလဒ်အပေါ်မကျေနပ်၍ ဆန္ဒပြ၊ ၆ ဦးသေဆုံး

အာဖရိကအနောက်ပိုင်း ဂီနီနိုင်ငံမှာ အောက်တိုဘာ ၁၈ ရက်  ရွေးကောက်ပွဲ ကနဦး မဲရလဒ်နဲ့ပတ်သက်ပြီး အတိုက်အခံတွေ ဆန္ဒပြရာက လူ ၆ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက် ဆန္ဒပြပွဲကြောင့် သေဆုံးသူတွေထဲမှာ ရဲဝန်ထမ်း နှစ်ယောက်ပါဝင်ပြီး အတော်များများ ဒဏ်ရာရခဲ့ပါတယ်။  ကနဦး မဲရလဒ်တွေအရ လက်ရှိ သမ္မတ အဲဖာခွန်က ဦးဆောင်နေတာကြောင့် အတိုက်အခံ ပါတီထောက်ခံသူတွေက မြို့တော် ခွန်နက်ကီက နေရာတချို့မှာ ပရိဘောဂတွေနဲ့ တာယာတွေကို  မီးရှို့ခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးက ဆိုပါတယ်။  မြို့တော်အပြင်ဘက်က အတိုက်အခံ အမာခံနယ်မြေတွေမှာလည်း  ပဋိပက္ခတွေ ဖြစ်ခဲ့ တယ်လို့ သူက ဆိုပါတယ်။   အသက် ၈၂ နှစ် ရှိတဲ့ သမ္မတ  အဲဖာခွန်က တတိယသက်တမ်း အရွေးခံဖို့ ကြိုးပမ်း တာကြောင့် ပြီးခဲ့တဲ့နှစ်က ဆန္ဒပြပွဲတွေ အကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ သေဆုံး ခဲ့တယ်လို့ ရိုက်တာက ဆိုပါတယ်။  
1 year Ago
Up