၆ ဦးထက်မနည်းသေ

November 13, 2020

တိုက်ဖွန်မုန်တိုင်း ဗန်ကိုကြောင့် ဖိလစ်ပိုင်တွင် လူ ၆ ဦးထက်မနည်းသေဆုံး

ဖိလစ်ပိုင်နိုင်ငံမှာ  နိုဝင်ဘာ ၁၁ ရက်ညက တိုက်ဖွန်း ဗန်ကို ဝင်ရောက်ခဲ့လို့ လူ ၆ ယောက်ထက် မနည်း သေဆုံးပြီး ၁၀ ယောက် ပျောက်ဆုံးနေတယ်လို့ နိုဝင်ဘာ ၁၂ ရက် စီအင်န်အင်န် သတင်းက ဖော်ပြပါတယ်။  တိုက်ဖွန်းဗန်ကိုကြောင့် မြို့တော်မနီလာ မြေနိမ့်ပိုင်းက  နေအိမ်သောင်းချီ  ရေမြုပ်နေ ပါတယ်။  ဒါကြောင့် ဒေသခံတွေဟာ နေအိမ်ခေါင်မိုးပေါ် တက်ပြီး ကယ်ဆယ်ရေးကို စောင့်မျှော်ခဲ့ရ ပါတယ်။  နိုဝင်ဘာလ ၁၂ ရက်မှာပဲ သမ္မတ ရိုဒရီဂိုဒူတာတေးက ရေကြီးနေတဲ့ မြို့တော် မနီလာကို ရဟတ်ယာဉ်နဲ့ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။  နိုင်ငံကို ရုပ်သံကနေ မိန့်ခွန်းပြောရာမှာ သမ္မတ ဒူတာတေးက တိုက်ဖွန်း ဗန်ကိုကြောင့် ထိခိုက်ခဲ့သူတွေကို အကူအညီ အမြန်ဆုံးပေးဖို့ အစိုးရ အေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။  ဗန်ကိုဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်ကို ၂၁ ခုမြောက် ဝင်ရောက်တဲ့ ဆိုင်ကလုန်း ဖြစ်တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up