၆ ဦး သေဆုံး

September 29, 2018

ဆန္ဒပြပွဲအတွင်း အစ္စရေးစစ်သားများ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၆ ဦး သေဆုံး

ဂါဇာကမ်းမြောင်နယ်စပ်မှာ စက်တင်ဘာ ၂၈ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်းထောင်ချီရဲ့ ဆန္ဒပြပွဲအတွင်း အစ္စရေးစစ်သားတွေ ပစ်ခတ်လို့ ပါလက်စတိုင်း ၆ ဦးသေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဟားမက်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့နေရာကနေ နယ်စပ်ချိုးဖောက်မှုတွေ ကာကွယ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ၊ ကျောက်တုံးတွေနဲ့ အပစ်ခံခဲ့ရတာကြောင့် ပြန်လည်ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒဏ်ရာရသူ ၂၉ဝ အထိရှိပြီး သူတို့ထဲက အယောက် ၉ဝ ဟာ သေနတ်ဒဏ်ရာ ရသူတွေလို့ ဂါဇာကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်အရွယ် ယောက်ျားလေးတွေလည်း ပါတယ်လို့ ပြောပါတယ်။ ၁၉၄၈ စစ်ပွဲအတွင်း အစ္စရေးလက်အောက် ရောက်သွားတဲ့မြေတွေကို ပြန်လည် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ နယ်စပ်မှာ သီတင်းပတ်တိုင်း ဖြစ်ပွားနေတာ ၆ လနီးပါး ကြာနေပြီ ဖြစ်ပါတယ်။
3 years Ago

December 31, 2017

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြစ်အတွင်း လေယာဉ်ပျက်ကျ၊ ၆ ဦး သေဆုံး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြစ်အတွင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က လေယာဉ်တစင်း ပျက်ကျခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေဟာ ခရီးသည် ၅ ဦးနဲ့ လေယာဉ် ပိုင်းလော့တို့ ဖြစ်ကြပါတယ်။ အဲဒီ ရှုခင်းကြည့် ခရီးစဉ်လေကြောင်း ၀န်ဆောင်မှုကို Sydney Seaplanes ဆိုတဲ့ နာမည်ကြီး ခရီးသွားလုပ်ငန်းက လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ ခရီးသည် ၅ ဦး လိုက်ပါခဲ့ပြီး ဆစ်ဒနီမြောက်ပိုင်း စားသောက်ဆိုင်ကနေ အရှေ့ပိုင်းရှိ လေယာဉ်ခရီးသွားဝန်ဆောင်မှုရုံးကို ပြန်လာစဉ် ရေထဲ ပျက်ကျပြီး ချက်ချင်း နစ်မြုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အမည်မဖော်လိုသူတဦးက “လေယာဉ်ထဲမှာ လူတွေ ထိုင်နေတာကို တွေ့တယ်။ ဒါပေမယ့် ရှေ့ပိုင်းကိုပဲ တွေ့တာပါ။ ကျန်တာ မမြင်ဘူး။  လေယာဉ်မှူးပဲ မြင်တယ်” လို့ ပြောခဲ့ပါတယ်။ နာမည်ကြီး ပုဂ္ဂိုလ်အများအပြားဟာ Sydney Seaplanes ရဲ့  ရှုခင်းကြည့် ခရီးစဉ်လေကြောင်း ၀န်ဆောင်မှုကို အသုံးပြုဖူးတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up