၆ ဦး ဒဏ်ရာရ

July 1, 2017

နယူးယောက်ဆေးရုံ ပစ်ခတ်မှု ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ဆေးရုံမှာ ဇွန် ၃၀ ရက်နေ့ အကြမ်းဖက်မှု တခုအတွင်း သေနတ်သမား တယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ၁ ဦးသေဆုံးကာ လူအတော်များများ ဒဏ်ရာရပြီး ပစ်ခတ်သူလို့ သံသယရှိသူလည်း သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။ တကိုယ်တော် ကျူးလွန်တဲ့ ဖြစ်ရပ်ဖြစ်ပြီး လုပ်ငန်းခွင် ပြဿနာနဲ့ ပတ်သက်ပုံပေါ်တယ်လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒေ ဘလက်စီယိုက ဆေးရုံကို သွားစစ်ဆေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖြစ်ရပ်အတွင်း ဆေးရုံရဲ့ မီးဘေးသတိပေးစနစ်က အသက်ဝင်လာခဲ့တယ်၊ သံသယရှိသူက သူ့ကိုယ်သူ မီးရှို့ဖို့ ကြိုးစားပုံပေါ်တယ်လို့ နယူးယောက်မြို့ ရဲဌာန ကော်မရှင်နာ ဂျိမ်းစ် အိုနေးလ်က ပြောပါတယ်။ သံသယရှိသူဟာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်လို့ ရတဲ့ဒဏ်ရာကြောင့် သေဆုံးပုံရတယ်လို့လည်း သူက ပြောပါတယ်။ အနားမှာ သူ့ရိုင်ဖယ်သေနတ်ကိုလည်း တွေ့ရပါတယ်။ အမျိုးသမီး တယောက် အသတ်ခံရပြီး တခြားလူ ၆ ဦး ဒဏ်ရာရတယ်လို့ ရဲချုပ်က ပြောပါတယ်။ သံသယရှိသူဟာ အရင်က ဘရွန့်စ် လက်ဘနွန် ဆေးရုံက ဝန်ထမ်းဟောင်း ဖြစ်တယ်လို့ အိုနေးလ်က ပြောခဲ့ပါတယ်။
4 years Ago

June 2, 2017

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်၊ ၆ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဒီနေ့မနက် ၇ နာရီလောက်က ခရီးသည်တင် EXPRESS ကားကို အခြားကားတစီးက နောက်က ၀င်တိုက်လို့ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းအပိုင်မှာ ဒီနေ့ မနက် ၇ နာရီလောက်က ခရီးသည်တင် EXPRESS ယာဉ်တစ်စီးကို အခြားယာဉ်က ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ၆ ဦးဒဏ်ရာရခဲ့တာလို့ ဘာနတ်ကြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ဆိုပါတယ်။ ဖြစ်စဉ်မှာ ပဲခူးမြို့နယ်ဘောနတ် အမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၉/၂နှင့်၃၉/၃အကြားမှာ နေပြည်တော်ကနေ ရန်ကုန်ကို ၀င်းကို မောင်းနှင်လာတဲ့ STAREX ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ရှေ့ကမောင်းနှင်နေတဲ့ ရွှေတောင်ရိုးခရီးသည်တင် EXPRESS ယာဉ်ရဲ့ နောက်ပိုင်းကို ၀င်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေတောင်ရိုး EXPRESS ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် STAREX ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၈ ဦးအနက် ၆ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းက ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်တဲ့ STAREX ယာဉ်မောင်းဝင်းကို ရာဇသတ်ကြီးပုဒ်မ- ၃၃၇/၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
4 years Ago
Up