၆ ဦးသေဆုံး

December 18, 2017

ဟွန်ဒူးရပ်စ်တွင် လေယာဉ်ပျက်ကျ၊ သမ္မတ၏ ညီမအပါအ၀င် ၆ ဦးသေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ရက်က ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့အတွက် သမ္မတ ဟာနန်ဒက်ဇ်ရဲ့ ညီမဖြစ်သူ အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဟီဒါဟာနန်ဒက်ဇ်ဟာ သမ္မတရဲ့ ရင်းနှီးတဲ့ အကြံပေးတစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ သမ္မတ ရွေးကောက်ပွဲ ကာလနိုင်ငံရေး ပြဿနာထဲမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ အရင်ကဆက်သွယ်ရေး ၀န်ကြီးအနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ ဖူးပါတယ်။ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး မှုခင်းဆေးပညာဌာန အကြီးအကဲက  “အလောင်းတွေကို ပြန်လည်ရရှိပြီး သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည်လွှဲအပ်လိုက်တာက အရေးကြီးဆုံးလို့ ထင်ပါတယ်။ ဒါဟာ အဖြစ်ဆိုးတစ်ခုဖြစ်ပြီး ဘယ်သူမှ မဖြစ်ချင်တဲ့ အဖြစ်မျိုးပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က နိုင်ငံရဲ့ ရွေးကောက်ပွဲခုံရုံးဟာ ကွန်ဆာဗေးတစ် သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်ကို တရားဝင် အနိုင်ရသူအဖြစ် ကြေညာလိုက်ပြီးနောက် မဲလိမ်မှု စွပ်စွဲချက်တွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up