၆ ဘီးယာဉ်တိမ်းမှောက်

A d v e r t i s e m e n t With Us

January 13, 2021

ကနီမြို့နယ်တွင် ၆ ဘီးယာဉ်တိမ်းမှောက်ပြီး ၁ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အလောင်းတော်ကဿပဘုရားသို့ သွားရာလမ်း  ထိုးထောင်ကွေ့အနီးမှာ ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်လို့  ယာဉ်မောင်း ၁ ယောက် သေဆုံးပြီး လိုက်ပါလာသူ ၁၆ ယောက် ဒဏ်ရာရသွားပါတယ်။ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီလောက်က ကနီမြို့နယ်၊ ကပိုင်ကျေးရွာအနောက်ဘက် ၇ မိုင်လောက်အကွာမှာ ပုလဲမြို့သို့ အုတ်ပို့ပြီးနောက် အလောင်းတော်ကဿပကနေ  ဘုရားဖူး ပြန်လာတဲ့  SKAT အမျိုးအစား မော်တော်ယာဉ်ဟာ  ဘရိတ်ပေါက်ပြီး ကမ်းပါးနံရံ တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက “ ကားပေါ်မှာပါလာတဲ့ ၁၆ ဦးပါတယ်။ ၁၆ ဦးလုံး ဒဏ်ရာရသွားတယ်လို့ ကနဦးသိရတယ်။ ကားက ဘရိတ်ပေါက်ပြီး ကမ်းပါးနံရံ တိုက်မိကာ ကွန်ကရစ်လမ်းပေါ် တိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းက နေရာတင်သေဆုံးတယ်။ ကျန် ၁၆ ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့တယ်။ နီးစပ်ရာ ကပိုင်တိုက်နယ်‌ဆေးရုံက ကုသပေးနေတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာ‌တွေကို မုံရွာဆေးရုံကို လွှဲထားပါတယ်"လို့ ပြောပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ သူတွေဟာ ဘုတလင်မြို့နယ် နတ်ရွာကျေးရွာကဖြစ်တယ်လို့ သိရပါတယ်။ ကားတိမ်းမှောက်လို့ လူသေ‌ဆုံးမှုနဲ့ပတ်သက်ပြီး  ကနီမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့  ကနီမြို့နယ်စခန်းမှူး ဦးချစ်ဝေက ပြောပါတယ်။ သတင်း - ကျော်မင်းသန့်
2 weeks Ago

August 28, 2020

ကနီမြို့နယ်တွင် ၆ ဘီးယာဉ်တိမ်းမှောက်ပြီး ၈ နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျွန်းပင်အိုင်ကျေးရွာအနီးက ကျေးရွာချင်းဆက်လမ်းမှာ ဩဂုတ် ၂၈ ရက်‌နေ့က ခရီးသည်တွေလိုက်ပါလာတဲ့ ကုန်တင်အမျိုးစား ၆ ဘီးယာဉ်တိမ်းမှောက်ပြီး  လူ ၄ ဦးသေဆုံး သွားပါတယ်။ ယာဉ်တိမ်းမှောက်ရာမှာ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပြီး ယာဉ်တမ်းမှောက်မှုကြောင့် အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ကနီမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသိုက်စိုးထွန်းက “ ခရီးသည်တချို့လည်း ဒဏ်ရာအနည်းငယ်ရသွားတယ်။ ကားက ရွာကားဆိုတော့ ကုန်ရော ၊ လူရောတင်လာတာ။ ဝိတ်လည်း များတယ်။ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာရင်း ရေနုတ်မြောင်းထဲကို ဘီးတစ်ဘီးကျပြီး မထိန်းနိုင်ပဲဖြစ်သွားတာလို့ သိရတယ်။ နောက်ပြီး ယာဉ်မောင်းဖြစ်သူကလည်း အရက်သေစာ သောက်စားထားတယ်လို့ ခရီးသည်တွေက ပြန်ပြောပြတယ်။ လောလောဆယ် ယာဉ်မောင်းဖြစ်သူကတော့  ရှောင်ပြေးနေတယ်" လို့ ပြောပါတယ်။ သေဆုံးသွားသူတွေဟာ ရေဦးမြို့နယ် သောင်ပြင်ငယ်ကျေးရွာကဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။ ကားတိမ်းမှောက်လို့ လူသေ‌ဆုံးမှုနဲ့ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူ ဦးကျော်ဇင်လင်းကို ကနီမြို့နယ် ဝန်မနားနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူဖို့ ဆောင်ရွက်နေတယ်ပါတယ်။ သတင်း- ရန်နိုင်စိုး
5 months Ago
Up