၆ ဂိုးပြတ်

A d v e r t i s e m e n t With Us

June 7, 2020

ပရီးမီးယားလိဂ် ခြေစမ်းပွဲတွင် ချာလ်တန်ကို အာဆင်နယ်က ၆ ဂိုးပြတ် အနိုင်ရ

အာဆင်နယ်အသင်းဟာ ဇွန်လ ၇ ရက်က အီမရိတ်ကွင်းမှာ ချန်ပီယံရှစ်ကလပ် ချာလ်တန် အသင်းနဲ့ ပရိသတ်တွေ မပါဘဲ တံခါးပိတ်ခြေစမ်းပွဲမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်လူငယ်တိုက်စစ်မှူး အမ်ကတ်တီယာက ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့ပြီး လာကာဇက်၊ အူဘာမီယန်းနဲ့ ဂျိုးလ်ဝဲလ်လော့တို့က ၁ ဂိုးစီ သွင်းခဲ့ပါတယ်။  နှစ်သင်းစလုံးက လိဂ်ပြိုင်ပွဲတွေမစခင်မှာ ခြေစမ်းခဲ့ကြတာပါ။  ချဲလ်တန်အသင်းက ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၂၂ မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး လက်ကျန် ၉ ပွဲအလိုမှာ တန်းဆင်းဇုန်ထဲ ရောက်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ် ပြန်လည်စတင်မယ့် ဇွန်လ ၁၇ ရက်မှာ မန်စီးတီး အသင်းနဲ့  အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
9 months Ago
Up