၆ ကြိမ်မြောက်ရရှိ

A d v e r t i s e m e n t With Us

December 18, 2019

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု မက်ဆီ ၆ ကြိမ်မြောက်ရရှိသည့်အပေါ် ဝေဖန်ခံနေရ

မက်ဆီ ၆ ကြိမ်မြောက်ရရှိသွားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဟာ တရားမျှတမှုမရှိဘဲ ခရစ္စတီယာနိုရော်နယ်ဒိုသာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိနေရင် ဒီဆုကို ရရှိမှာဖြစ်တယ်လို့ စူပါအေးဂျင့် ဂျော့ချ်မန်းဒက်စ်က ပြောကြားလိုက်ပါတယ်။  ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီက စံချိန်တင် ၆ ကြိမ်မြောက် ရရှိသွားပြီးနောက်မှာတော့ ချီးကျူးဂုဏ်ပြုမှုတွေအပြင် ငြင်းခုံမှုတွေဟာလည်း ဒီနှစ်မှာ ပိုများနေခဲ့ပါတယ်။  စာရင်းအရ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား ရရှိနိုင်ဖို့နဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိရေး အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ရော်နယ်ဒိုဟာလည်း ပေါ်တူဂီအသင်းအတွက် နေရှင်းလိဂ်ဖလား၊ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေ အီတလီစူပါဖလားတွေအပြင် တဦးချင်း စံချိန်တွေလည်း ထပ်မံရယူနိုင်ခဲ့ပါတယ်။  မက်ဆီကတော့ ဘာစီလိုနာအသင်းနဲ့ ပြည်တွင်းဆုဖလားတွေအပြင် ၅၄ ပွဲမှာ ၄၆ ဂိုးအထိ သွင်းယူခဲ့ပြီးတော့ ၁၇ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။  ဆုပေးပွဲကို ရော်နယ်ဒို တက်ရောက်ခဲ့ခြင်း မရှိတာနဲ့ပတ်သက်လို့ ထင်ကြေးပေးတာ မရှိခဲ့ပေမယ့် ရော်နယ်ဒိုသာ ဘောလုံးကမ္ဘာမှာ အကောင်းဆုံးဖြစ်ပြီးတော့ သူ့ရဲ့ ကစားသမားအနေနဲ့ လာမယ့်နှစ်မှာ ပေါ်တူဂီအသင်းအတွက် ၁၁၀ ကြိမ်မြောက် ဂိုးသွင်းယူနိုင်ပြီး ဘလွန်ဒီအောဆုလည်း ရရှိနိုင်မယ်လို့ မန်းဒက်စ်က ခန့်မှန်းသွားခဲ့ပါတယ်။
1 year Ago
Up