၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့

A d v e r t i s e m e n t With Us

February 24, 2016

၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပ

၆၉ ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ချောင်း ဆုံမြို့နယ်(ဘီလူးကျွန်း)၊ ကလော့ကျေးရွာမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပပါတယ်။ မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသားမင်းညီနောင် နှစ်ပါးက ဟံသာဝတီမင်းနေပြည်တော်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုပြီး မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာပါ။ ၁၉၄၇ နို်ဝင်ဘာ ၁ ရက်နေ့ကစပြီး မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့တာ အခုဆိုရင် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပလာခဲ့တာ အခုဆိုရင် (၆၉)ကြိမ်ရှိနေပါပြီ။ မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားကိုတော့ မွန်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာတွေမှာ နှစ်အလိုက် အလှည့်ကျ ကျင်းပလာခဲ့တာ အခုနှစ်မှာတော့ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)မှာ ကျင်းပနေတာဖြစ်ပါတယ်။၏ သတင်းဓာတ်ပုံ - ကျော်စိုး  
5 years Ago
Up