၆၄ နှစ်အရွယ်အမျိုးသား ၁ ဦး

May 23, 2020

ဝမ်းတွင်းတွင် ၆၄ နှစ်အရွယ်အမျိုးသား ၁ ဦး ရေစည်လှည်းတွန်းရင်း လဲကျသေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ‌လျှော်ပင်ရွာ အထက်တန်းကျောင်းခွဲရှေ့မှာ မေ ၂၂ ရက်က အသက် ၆၄ နှစ်အရွယ် အမျိုးသား ၁ ဦး ရေစည်လှည်းတွန်းရင်း လဲကျသေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဝင်းက “သေဆုံးသွားသူက လူပျိုကြီးပါ။ ညီဖြစ်သူနဲ့ အတူနေတယ်။ ရေစည်လှည်းတွန်းပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ဝမ်းတွင်းဆေးရုံ ပို့ထားတယ်” လို့ ပြောပါတယ်။ ရွာတန်းအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရန်နိုင်က “ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်နေတဲ့ အချိန်ဆိုတော့ နှာခေါင်းတို့ပတ်၊ လည်ချောင်းတို့ပတ်တို့တော့ ယူထားတယ်ဆိုတာ သိရတယ်။ ပြည်ပ ခရီးသွားထားတာ မရှိပါဘူး၊ သူ့အိမ်မှာပဲ သူနေတာပါ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ဦးဝင်းအောင် သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှူသေခင်းနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။ မောင်မောင်လင်း
11 months Ago
Up