၆၃

A d v e r t i s e m e n t With Us

April 14, 2020

လှိုင်သာယာမြို့နယ်တွင်  COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံတွေ့ရှိ  

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ  COVID-19 အတည်ပြုလူနာ တဦး ထပ်မံ ဓာတ်ခွဲစမ်းသပ် အတည်ပြုတွေ့ရှိတယ်လို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၄ ရက် ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ အဆိုပါလူနာဟာ အသက် ၆၅ နှစ်အရွယ် အမျိုးသား တဦးဖြစ်ပြီး လူနာအမှတ် ၂၄ နဲ့ အနီးကပ်ထိတွေ့ခဲ့သူဖြစ်ကာ နေအိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု quarantine လုပ်ထားသူ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က  COVID-19 ရောဂါစောင့်ကြည့်လူနာတွေနဲ့ အသွားအလာကန့် သတ်ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၉၁)ဦးကို ပထမအသုတ်အနေနဲ့ ဓာတ်ခွဲစစ်‌ဆေးခဲ့ရာမှာ အဆိုပါလူနာ တဦးမှာသာ  ရောဂါတွေ့ရတာဖြစ်ပြီး ကျန် (၉၀)ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁၄ ရက် ည ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး တွေ့ရှိပြီး သေဆုံးသူ ၄ ဦးနဲ့ပြန်ကောင်းလာသူ ၂ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဓာတ်ပုံ-MOH
11 months Ago
Up