၆၁ ဦး ရှိပြီ

September 9, 2017

မက္ကဆီကိုတွင် အားပြင်းငလျင်ကြောင့် သေဆုံးသူ ၆၁ ဦး ရှိပြီ

မက္ကဆီကိုနိုင်ငံ  စက်တင်ဘာလ ၈ ရက်နေ့က မဂ္ဂနီကျု ၈ ဒသမ ၁ ရှိတဲ့ အင်အားပြင်း ငလျင်တခုလှုပ်ခတ်ခဲ့အပြီး နိုင်ငံအနှံ့ သေဆုံးသူဦးရေဟာ စနေမနက်မှာ ၆၁ ယောက် ရှိလာပါတယ်။ ဌာနေတိုင်းရင်းသားတွေနေထိုင်ရာ (Oaxaca) ဝါဟာကာပြည်နယ်မှာ အိမ်တွေ၊ အဆောက်အအုံတွေ အများအပြား ပြိုကျခဲ့တာပါ။ ဝါဟာကာ ပြည်နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ ညနေထိ သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ဝါဟာကာပြည်နယ်ထဲက အမျိုးသမီးဦးဆောင်တဲ့ လူနေမှုစနစ်နဲ့ နိုင်ငံတကာ ခရီးသွားတွေကြား လူသိများတဲ့ (Juchitan) ခူချီတန်မြို့ရဲ့ အစိုးရအဆောက်အအုံတွေ အပါအဝင် အစိတ်အပိုင်းတော်တော်များများလည်း ပျက်စီးခဲ့ရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်သားတွေက အပျက်အစီးတွေကြားက အသက်ရှန်ကျန်နေသူတွေကို ရှာဖွေကယ်ဆယ်ရင်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ သမ္မတ (Enrique Pena Nieto) အင်နရီကယ် ပန်ညာ ညယ်တို က လာရောက်ကြည့်ရှုပြီး ငလျင်ဘေးသင့်သူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ထပ် ဌာနေတိုင်းရင်းသားတို့ရဲ့ ပြည်နယ်တခုဖြစ်တဲ့ ချားပါ့စ် (Chiapas) ပြည်နယ်မှာလည်း ပြင်းထန်တဲ့ ငလျင်ဒဏ်ခံစားခဲ့ရပါတယ်။
4 years Ago
Up