၆၀၂ ဦးသေ

July 6, 2020

ဘရာဇီးတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ၆၀၂ ဦးသေဆုံး၊ လူနာ ၁ ဒသမ ၆ သန်းရှိလာ

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းဟာ ဇူလိုင် ၆ ရက်မှာ  ၁ ဒသမ ၆ သန်း ကျော်ရှိပြီလို့ သိရပါတယ်။ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနအဆိုအရ ၂၄ နာရီအတွင်း အသစ်တွေ့အတည်ပြုလူနာ ၂၆,၀၅၁ ဦး ရှိခဲ့သလို သေဆုံးသူလည်း ၆၀၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။  ဒါ့ကြောင့် ဘရာဇီးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၄,၈၆၇ ဦး အထိ ရှိလာပါတယ်။ နိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေကို ပြန်စခဲ့သလို စနေနေ့ညမှာပဲ ရီယိုဒီဂျနေးရိုးနဲ့ ကမ်ပိုဂရမ်းမြို့တွေအပြင် တခြားမြို့တော်တော်များများလည်း ကိုဗစ်မတိုင်ခင်ကာလကလို ဘားဆိုင်တွေမှာ လူတွေ အပြည့်ဖြစ်ခဲ့ပါတယ်။  ရဲတွေကတော့ အခမ်းအနားကျင်းပဖို့ စီစဉ်သူတွေကို ဒဏ်ရိုက်တာနဲ့ အဆောက်အအုံနေရာ ကို ယာယီပိတ်သိမ်းတာတွေ အခြေအနေပေါ် မူတည်လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းဌာန က ရေးပါတယ်။  မြို့တော် ဘရားဇီးလေးယားမှာလည်း တနင်္ဂနွေနေ့က လမ်းတွေပေါ် လူတွေ စက်ဘီး ထွက်စီးနေတာ၊ လမ်းထွက်လျှောက်တာတွေ အစုလိုက်အပြုံလိုက် မြင်ရတယ်လို့ ဆိုပါတယ်။
10 months Ago
Up