၅ နှစ်အောက် ကလေး ၂ ဦးတွင် ၁ ဦးနှုန်း သွေးအားနည်း ပြဿနာကြုံတွေ့နေရ

July 25, 2019

၅ နှစ်အောက် ကလေး ၂ ဦးတွင် ၁ ဦးနှုန်း သွေးအားနည်း ပြဿနာကြုံတွေ့နေရ

မြန်မာနိုင်ငံမှာ မျိုးဆက်ပွားနိုင်တဲ့ အမျိုးသမီးတွေနဲ့ ၅ နှစ်အောက် ကလေးငယ်တွေဟာ ၂ ယောက်မှာ တယောက်နှုန်းသွေးအားနည်းတဲ့ ပြဿနာကြုံတွေ့နေတယ်လို့ မြန်မာနိုင်ငံမှာ အားဖြည့်ဆန် စီမံကိန်းဆောင်ရွက်နေတဲ့ Path အဖွဲ့ရဲ့ Country ဒါရိုက်တာ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှာရှိတဲ့ အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနကဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်နေတဲ့ အစားအသောက် အပေါ် ၂၀၁၈ ခုနှစ်က စစ်တမ်းပြုလုပ်ခဲ့တာပါ။ အဲဒီစစ်တမ်းထဲမှာတော့ မြန်မာနိုင်ငံမှာ အာဟာရဓာတ်ချို့တဲ့ပြဿနာဟာ အရင်နှစ်တွေ ထက်စာရင် အနည်းငယ်တိုးတက်လာပြီး ပိန်လှီပုညှက်တဲ့ ကလေးငယ်အရေအတွက်ဟာ အရင်ထက်စာရင် လျှော့ကျလာကာ ကလေးငယ် ၃ ဦးမှာ တဦးလောက်သာ ပုညှက်တော့ တယ်လို့ ဒေါက်တာမျိုးမြင့်အောင်က ဆိုပါတယ်။ ကလေးပုညှက်နှုန်း လျှော့ကျလာပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ အပျိုဖော်ဝင်စ အမျိုးသမီးတွေ၊ ၅ နှစ်အောက်ကလေးငယ်တွေနဲ့ ကျောင်းနေစကလေးငယ်တွေမှာတော့ သွေးအားနည်းတဲ့ ပြဿနာဟာ လျှော့ကျမှုမရှိဘဲ လူ ၂ ဦးမှာ ၁ ဦးနှုန်း သွေးအားနည်း နေတာကြောင့် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။ သွေးအားနည်းတဲ့နေရာမှာ သံဓာတ်ချို့တဲ့မှုနဲ့ ဗီတာမင် ဘီနိုင်းချို့တဲ့မှုကြောင့် မြန်မာနိုင်ငံ မှာ သွေးအားနည်းပြဿနာတွေ ဆက်ရှိနေတာလို့ ဆိုပါတယ်။
2 years Ago
Up