၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ရန်ကြိုးစားသည့် စစ်သားတဦးကို ဖမ်းဆီး

A d v e r t i s e m e n t With Us

August 15, 2017

၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား လူမြင်ကွင်းတွင် သေဒဏ်ပေး

ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ သြဂုတ် ၁၄ ရက်နေ့က သေဒဏ်ပေးခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဟူစိန်အယ်ဆာကစ် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို သေဒဏ်ပေးတာကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် တရားခံကို လူမြင်ကွင်းမှာ သေနတ်နဲ့ ၆ ကြိမ် ပစ်ခတ်ပြီးနောက် အလောင်းကို ကရိန်းမှာ ချိတ်ဆွဲပြီး အများမြင်အောင် ပြသခဲ့ပါတယ်။ မိန်းကလေးရဲ့ မိခင်ဖြစ်သူက “ကျမ ဒီနေ့ကို စောင့်နေတာပါ။ ဒီတိရစ္ဆာန်ကောင်ကို သေဒဏ်ပေးတာမြင်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒင်းကို ၂ နာရီ ၃ နာရီအစား ၃ ရက်လောက်ကို တွဲလောင်းချထားစေချင်တာ။ ကျမတို့လိုအဖြစ်မျိုးနဲ့ ကြုံရတဲ့သူတွေ အကုန်လုံးကို ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရားရုံးမှာ ကြန့်ကြာနေတဲ့ ဒီလိုအမှုတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။ မိန်းကလေးရဲ့ ဖခင်ဖြစ်သူကလည်း “ကျေနာ် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီအချိန် ဒီမြင်ကွင်းကို စောင့်နေတာပါ။ အခုလို သေဒဏ်ပေးဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ ယီမင်နိုင်ငံမှာ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုနဲ့ တလအတွင်းမှာ  လူမြင်ကွင်း သေဒဏ်ပေးမှု နှစ်ခါပြုလုပ်ခဲ့ပါတယ်။
4 years Ago

April 1, 2016

၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်ရန်ကြိုးစားသည့် စစ်သားတဦးကို ဖမ်းဆီး

အသက် ၅ နှစ်အရွယ် ကလေးမတဦးကို လိင်ပိုင်းဆိုင်ရာမုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အတွက် တပ်မတော်သားတဦးကို မြောက်ဦးရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ပြောပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ၀သဲရပ်ကွက်နေ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးကို  ထပရ ၈၂၈ မြောက်ဦးမြို့ တပ်သားထွန်းလှိုင်က ကလေးမလေး အိပ်နေတုန်း ရောက်ရှိလာပြီး မုဒိမ်းကျင့်ဖို့ ကြိုးစားစဉ် ဘေးပတ်ဝန်းကျင်က သိရှိကာ ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။ “ဟုတ်ကဲ့ပါ။ ဖြစ်စဉ်က မှန်ပါတယ်။ မနေ့ည ၈ နာရီကျော်လောက်မှာပေါ့လေ။ ၀သဲရပ်ကွက်မှာရှိတဲ့ အိမ်မှာပေါ့။ အဲ့ဒီမှာ ထမင်းဆိုင်ရှိတယ်။ ကလေးမလေးက ၅ နှစ် ကလေးပေါ့လေ သူက အိပ်နေတာ။ ၂၁ နှစ်ရှိတဲ့ ကောင်လေးက ရောက်လာတာပေါ့လေ။ သူ့ကို ပါးစပ်ပိတ်ပြီးတော့ ခေါ်သွားတယ်။ အဲ့လို့ကျင့်မလို့လုပ်နေတုန်း ကလေးမလေးက အော် လိုက်တာပေါ့လေ။ ဒါကို ဘေးပတ်ဝန်းကျင်က လူတွေကြားတော့ ၀ိုင်းလာကြပြီးတော့ ဖမ်းချုပ်လိုက်တယ်ပေါ့လေ။” မုဒိမ်းကျင့်ဖို့ ကြိုးစားခံခဲ့ရတဲ့ကလေးမမှာ တပ်သားရဲ့ ရိုက်နှက်မှုကြောင့် ပါးပြင်တွေနဲ့ လက်မောင်းတွေမှာ ဒဏ်ရာအချို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ ကလေးမလေးကို မြောက်ဦးဆေးရုံမှာ ဆေးစစ် ချက်တွေ ပြုလုပ်နေပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း  ရဲတပ်ဖွဲ့မှူး အမည်မဖော်လိုသူ ရဲမှူးတဦးက ဆက်လက်ပြောပါတယ်။ “ဆေးစစ်တာကတော့ ကျနော်တို့ သိပ်တော့မသိဘူးဗျ။ ဒါကတော့ဆရာဝန်ကြီးတွေ သိတာပါဗျ။ ကျနော် အနေနဲ့ကတော့ ဘာမှမဖြစ်နိုင်ဘူးလို့လည်း ပြောချင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကြံစီတာကတော့ ကြံစီတယ်ပေါ့။ မုဒိမ်းမှု မမြောက်ဘူးပေါ့ဗျာ။ ကောင်မလေး အနေအထားကိုလည်း သေချာမေးထားပြီးပါပြီ။ ကလေးမလေးက အော်လိုက်တာပေါ့လေ။ ဒါကိုကြားလို့ ဘေးပတ်ဝန်းကျင်ကြားပြီး လာကြတယ်။ အဲ့ဒီအချိန်မှာ ဘာမှမလုပ်ရသေးဘူး။ အထမမြောက်သေးဘူး။” မြောက်ဦးမြို့ရဲစခန်းက တပ်သားထွန်းလှိုင်းကို ပ ၃၅/ ၂၀၁၆ မုဒိမ်းကျင့်ရန်ကြံစီမှုဆိုင်ရာ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ (သတင်း - ဇော်ခ၊ ဓာတ်ပုံ - တင်ဦးမောင်)
5 years Ago
Up