မြန်မာပြည်တွင်း ဆန်ချောဈေးနှုန်းတွေဟာ ၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံး ဈေးရောက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက သိရပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ ဆန်ဈေးအရ ပေါ်ဆန်းပေါ်ကျွဲဈေးဟာ တအိပ်ကို မနှစ်ကထက် ၁၈၀၀၀ ကျပ် ကျော်လောက် ဈေးတက်နေတာဖြစ်ပြီး ရွှေဘိုပေါ်ဆန်းက တအိပ်ကို ၆၄၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်း တအိတ်ကို ၅၅၀၀၀ ကျပ်၊ ပေါ်ကျွဲတအိပ်ကို ၄၅၀၀၀ ကျပ်အထိ အမြင့်ဆုံးရောက် နေပါတယ်။
ဆန်ဈေးအတက်ကြမ်းနေတာကြောင့် စားသုံးသူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ဆန်ကုန်သည်ဥက္ကဋ္ဌက ပြောပါတယ်။
ဆန်ဈေးတွေ မြင့်နေတာဟာ နိုင်ငံခြားကိုတင်ပို့တဲ့ ဆန်ကြမ်းဈေးနဲ့မဆိုင်ဘဲ ပြည်တွင်း စားသုံးတဲ့ ဆန်ချောဈေးတွေဘဲ အမြင့်ဆုံးရောက်ရှိနေတာပါ။
အောက်ခြေမှာ စပါးဈေးတွေတက်နေသလို စပါးတွေလှောင်ပြီး တက်ဈေးတွေနဲ့ ရောင်းနေတဲ့အတွက် ဆန်ချောဈေးတက်နေတယ်လို့ ဆန်အကျိုးဆောင်တွေက ဆိုပါတယ်။
5 years Ago