၅-၁ ဂိုး

November 3, 2019

ဖရန့်ဖတ်က ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါမှာ ဖရန့်ဖတ်က အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ပွဲစလို့ ၉ မိနစ်မှာပဲ ဘိုင်ယန်မြူးနစ်နောက်တန်းက ဘိုတောင် ဖျက်တာကြမ်းလို့ အထုတ်ခံရတာ ပွဲစဉ်ရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာပါ။  အဲဒီနောက်မှာ ဖရန့်ဖတ်အတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၃၃ မိနစ်မှာ သွင်းယူပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဘိုင်ယန်မြူးနစ်အတွက် ချေပဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ထိုးဖောက်သွင်းယူပါတယ်။  ဒါပေမဲ့ တယောက်လျော့ အသင်းရဲ့ ခံစစ်က ကြာကြာတောင့်မခံနိုင်ဘဲ တတိယဂိုးကို မိနစ် ၅၀ လောက်မှာ ပေးလိုက်ရပါတယ်။ ဖရန့်ဖတ်အတွက် ၄ ဂိုးမြောက်ဂိုးကို ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူပါတယ်။ နောက်ဆုံး အပိတ်ဂိုးကိုတော့ ၈၅ မိနစ်မှာ သွင်းယူပါတယ်။  ဘိုင်ယန်မြူးနစ်အတွက်တော့ နောက်ဆုံးကစားတဲ့ အမှတ်ပေးလိဂ် ၄ ပွဲမှာ တပွဲပဲ အနိုင်ရသေးတာပါ။ ဒီပွဲရှုံးလို့ ဘိုင်ယန်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို လျော့ကျသွားပါတယ်။
2 years Ago
Up