၅ ဦး သေ

February 3, 2018

ပြင်သစ် စစ်ရဟတ်ယာဉ် ၂ စီး ပျက်ကျ၊ ၅ ဦး သေ

ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရဟတ်ယာဉ် ၂ စီး ပျက်ကျခဲ့တဲ့ လေတပ်အခြေစိုက်စခန်းဆီကို ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလေ လာရောက် ကြည့်ရှုပါတယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ်တွေဟာ ပြင်သစ်စစ်တပ်၊ အပေါ့စား လေကြောင်းတပ်ခွဲရဲ့ သင်တန်းကျောင်းကပါ။ သောကြာ မနက် အစောပိုင်းက ပျက်ကျခဲ့လို့ လူငါးယောက် သေဆုံးပါတယ်။ အခြေအနေကို မသိရသေးဘူးလို့ မာဆေးလေးစ်မြို့ အစိုးရရှေ့နေက ပြောပါတယ်။ ရဟတ်ယာဉ်တွေ အချင်းချင်း လေထဲမှာတိုက်မိကြလား ဆိုတာ စုံစမ်းစစ်ဆေးသူတွေက စစ်ဆေးနေပါတယ်။ လေထဲက ဓာတ်ကြိုးတွေနဲ့ တိုက်မိမှု ဖြစ်နိုင်ချေကိုတော့ ပယ်ချခဲ့ကြ ပြီးပါပြီ။ ရဟတ်ယာဉ် တစီးရဲ့ အစိတ်အပိုင်းတွေကို ဗင်းမြို့ဆီသွားတဲ့ လမ်းပေါ်မှာ တွေ့ရတယ်။ ဒုတိယ တစီးကိုတော့ ဆန့်ကျင်ဘက်အရပ်က တောင်ကုန်းပေါ်မှာ တွေ့ရတယ်။ တိုက်မိခဲ့ပုံရတယ်” လို့ ကားဆက်စ်မြို့တော်ဝန် ပက်ထရစ် ယွန်က ပြောပါတယ်။ သေဆုံးသူ ငါးယောက်ဟာ နည်းပြနဲ့ သင်တန်းသားတွေဖြစ်ပြီး သူတို့အားလုံး အတွေ့အကြုံ ရှိကြတယ်လို့ အစိုးရရှေ့နေက ပြောခဲ့ပါတယ်။
3 years Ago

January 29, 2018

အမေရိကန် ကားရေဆေးရုံတခုတွင် ပစ်ခတ်မှုဖြစ်ပွား၊ ၅ ဦး သေ

အမေရိကန်ပြည်ထောင်စု ပန်ဆယ်လ်ဗေးနီးယားပြည်နယ် အနောက်ပိုင်း ကားရေဆေးရုံတခုမှာ ဇန်နဝါရီ ၂၈ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်ရဲက ပြောပါတယ်။ ပစ္စဘက်မြို့ အရှေ့တောင်ပိုင်း ၅၃ မိုင်အကွာမှာရှိတဲ့ မဲလ်ခရော့ဖ် ရပ်ကွက်မှာ မနက် ၂ နာရီ မိနစ် ၄၀ အချိန်လောက်က အနီးကပ်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ရဲကပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သေဆုံးသူ ၅ ဦးမှာ ၁ ဦးက ပစ်ခတ်သူဖြစ်တယ်လို့ ယုံကြည်ရပြီး အမျိုးသမီး ၁ ဦး အသေးစား ဒဏ်ရာရခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သက်ဆိုင်ရာရှေ့နေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
3 years Ago
Up