၅ သိန်းခွဲကျော် သေဆုံး

July 10, 2020

ကမ္ဘာတဝန်း ကိုဗစ်လူနာ ၁၂.၃ သန်းကျော်ရှိလာ၊ ၅ သိန်းခွဲကျော် သေဆုံး

ကမ္ဘာတဝန်း  ဇူလိုင် ၁၀ ရက်နေမနက်ပိုင်းအထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၂.၃ သန်းကျော်နဲ့ သေဆုံးသူ ၅ သိန်းခွဲကျော် ရှိပြီလို့ သိရပါတယ်။  တရုတ်နိုင်ငံမှာ ပထမဆုံးရောဂါဖြစ်ပွားမှုကို တွေ့ရှိရတဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့  ၁၄၉ ရက်အတွင်း ကမ္ဘာတဝန်း အတည်ပြုလူနာ ခြောက်သန်းအထိ ဖြစ်လာတာပါ။  ဇူလိုင် ရက်နေ့က အမေရိကန်ပြည်ထောင်စုတခုတည်းမှာတင် အတည်ပြုလူနာစာရင်း သုံးသန်းကျော်ခဲ့ပါတယ်။  ဘရာဇီးသမ္မတ  ဘော်ဆိုနာရာလည်း  ရောဂါကူးစက်ခံထားရပါတယ်။  ဘရာဇီးမှာ ဇူလိုင်လ ၁ ရက်နေ့ကစတင်ပြီး နေ့စဉ်အတည်ပြုလူနာ နှစ်သောင်းနဲ့ငါးသောင်းကြားတွေ့နေတာ ဖြစ်ပါတယ်။ 
10 months Ago
Up