၅ လောင်းပြိုင်လူသတ်မှု

October 7, 2019

၅ လောင်းပြိုင်လူသတ်မှု သြစတြေးရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

သြစတြေးလျနိုင်ငံ ကစ်ဇ်ဘူဟဲလ်မြို့မှာ လူ ၅ ယောက် အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  အောက်တိုဘာ ၆ ရက် မနက်ပိုင်းက သံသယရှိသူဟာ လူသတ်ခဲ့တယ်လို့  ဝန်ခံပြီးနောက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားကြည့်တဲ့အခါ အလောင်း ၅ လောင်းကို တွေ့ခဲ့ရတယ်လို့ ပြည်နယ်ရာဇဝတ် စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ဝေါလ်တာပက်ပ်က သတင်းထောက်တွေကို ပြောပါတယ်။  အသတ်ခံရသူတွေဟာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ သူ့ရဲ့အကို၊ မိဘ နှစ် ၂ ပါးနဲ့ နောက်ထပ်အမျိုးသား အလောင်းတလောင်းကတော့ သူ့ရဲ့ ချစ်သူအသစ် ဖြစ်နိုင်တယ်လို့ ဝေါလ်တာပက်ပ်က ပြောပါတယ်။  အသက် ၂၅ နှစ်အရွယ် သံသယရှိသူ အမျိုးသားဟာ ရည်စားဟောင်းရဲ့ နေအိမ်ထဲ ဝင်သွားပြီး လူ ၅ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။
2 years Ago
Up