၅ ရက်ကြာပိတ်မိနေသည့် နီပေါလူငယ်ကို ကယ်တင်

June 4, 2015

နီပေါ ငလျင်ဘေး ကယ်ဆယ်ရေးရဟတ်ယာဉ် ပျက်ကျ၊ ၄ ဦးသေဆုံး

နီပေါငလျင်ဘေး ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဟတ်ယာဉ်တစီးဟာ ဇွန် ၂ ရက်နေ့က အရှေ့မြောက်ဘက်က တောင်တန်းအမြင့်တွေထဲ ပျက်ကျသွားလို့ အနည်းဆုံး လူ ၄ ဦး သေဆုံးသွားတယ်လို့ စစ်တပ်က ပြောဆိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ Mountain Air က ပျံသန်းပြေးဆွဲနေတဲ့ ရဟတ်ယာဉ်ဟာ ခတ္တမန္ဒူရဲ့ အရှေ့မြောက်ဘက် ၃၈ မိုင်အကွာလောက်က တိဗက်နယ်စပ် ဆင်ဒူပလ်ချုက်ခရိုင်ထဲမှာ ပျက်ကျသွားတာပါ။ ဆင်ဒူပလ်ချုက်ခရိုင်ဟာ လူပေါင်း ၈၇၀၀ သေဆုံးခဲ့ရတဲ့ ဧပြီ ၂၅ ငလျင်ရော၊ မေ ၁၂ ငလျင်ကိုပါ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေထဲမှာ တခုအပါအ၀င် ဖြစ်ပါတယ်။ ငလျင်ဘေးသင့် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး စီမံကိန်းကြီးတရပ်ကိုလည်း ဆောင်ရွက်နေတာပါ။ ရဟတ်ယာဉ်ဟာ ပျက်ကျမသွားခင်မှာ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်ချမိသွားတယ်လို့ မီဒီယာထုတ်ပြန်ချက်တချို့မှာ ပြောပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ် ပျက်ကျသွားတဲ့ အကြောင်းရင်းကတော့ မရှင်းလင်းဘူးလို့ နီပေါစစ်တပ်ပြောခွင့်ရသူက ပြောဆိုပါတယ်။ ဒေသခံတဦးက ဒီမတော်တဆမှုဟာ ရဟတ်ယာဉ်က ကေဘယ်လ်လိုင်းနဲ့ငြိပြီး ပျက်ကျသွားတာလို့ ပြောပါတယ်။ “မြစ်ဘက်ကိုသွားနေတုန်းမှာ သစ်ပင်ကို ၀င်တိုက်မိတာ။ ကေဘလ်လ်နဲ့ ငြိသွားပြီးတော့ မှောက်သွားတာပဲ။” မေလအတွင်း ဒုတိယအကြိမ် ငလျင်လှုပ်သွားတဲ့ရက်မှာ တောအုပ်နက်ထဲ အမေရိကန် မရိန်း ကယ်ဆယ်ရေး ရဟတ်ယာဉ် ပျက်ကျမှုမှာ အမေရိကန် ၆ ယောက်နဲ့ နီပေါစစ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။ အမေရိကန် ရဟတ်ယာဉ် ပျက်ကျသွားချိန်မှာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ လူ ၅ ယောက်ကျော်ရဲ့ ဒီအန်အေ အထောက်အထားတွေကို အာဏာပိုင်တွေ တွေ့ရှိထားတယ်လို့ အမေရိကန် စစ်တပ်ပြောခွင့်ရသူက ပြောဆိုထားပါတယ်။
7 years Ago

May 2, 2015

နီပေါငလျင် ကျန်ရစ်သူများကယ်ဆယ်ရေး ဖြစ်နိုင်ချေနည်း၊ ဥရောပက လူ ၁၀၀၀ ပျောက်ဆုံးနေ

နီပေါငလျင်ကြောင့် ကျန်ရစ်တဲ့သူတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်ခဲ့သလို လက်ရှိမှာအချိန်မှာတော့  ကျန်ရစ်သူတွေ မရှိတော့ဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။ ပြင်းအား ၇.၉ ရှိတဲ့ ငလျင်ကြောင့် လက်ရှိ အချိန်အထိ သေဆုံးသူ ၆၆၂၁ ဦးရှိသွားပြီ ဖြစ်သလို ၁၄၀၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံတွေက လူ ၁၀၀၀ ပျောက်ဆုံးနေသလို ၁၂ ဦးက သေဆုံးတာကို အတည် ပြုနိုင်ခဲ့တယ်လို့ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။ ပျောက်ဆုံးနေသူ အများစုကတော့ ခရီးသွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဝေးလံခေါင်ဖျားဒေသက ထောင်နဲ့ ချီတဲ့ လူတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးသလို ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်စဉ်မှာပဲ သေဆုံးသူ အရေအတွက်က မြင့်တက်လာတယ်လို့ ဆိုပါတယ်။ နီပေါ ငလျင် ဗဟိုချက်နားမှာ ကျရောက်ခဲ့တဲ့ အစွန်အဖျားက ကျေးရွာတွေမှာ ကပ်ဘေးအလွန် တပတ်နီးပါးအထိ အကူအညီတွေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ ဂေါ်ခါဒေသကို သွားတဲ့ လမ်းတွေ အားလုံးနီးပါး ပျက်စီးနေတဲ့ အခြေအနေမှာ အကူအညီတွေ ပို့ပေးဖို့ အခက်ကြုံ နေရသလို ဒီ ဒေသထဲက ရွာတွေအားလုံး ကုန်းလမ်း ဆက်သွယ်ရေး ပြတ်တောက်နေပြီး လေကြောင်းကနေ အကူအညီတွေ ပို့တဲ့ နည်းလမ်းတခုပဲ ရှိတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။ ဒေသထဲက လမ်ဘက္ခာ ကျေးရွာမှာ အိမ်တိုင်းနီးပါးဟာ ငလျင်ဒဏ်ကြောင့် အပိုင်းပိုင်း ပြိုလဲခဲ့သလို ကပ်ဘေးကြုံရတဲ့ အခြေအနေဟာ အလွန်ဆိုးတယ်လို့ ရွာသားတွေက ပြန်ပြောပြကြပါတယ်။ လူသားချင်းစာနာမှုနဲ့နိုင်ငံတကာ အကူအညီကို နီပေါက ထပ်ခါတလဲလဲတောင်းဆိုနေသလို ထူထောင်ရေး လုပ်ငန်းအတွက် ဒေါ်လာ သန်း ၄၀၀ ကျော်လိုအပ်နေပါတယ်။ လူ ၃ သန်းက အစားအစာလိုအပ်နေသလို အိုးအိမ် ၁ သိန်းကျော် ပျက်စီးသွားပါတယ်။
7 years Ago
Up