၅ ရက်အတွင်း ငလျင်ငယ် ၈ ကြိမ် လှုပ်ခတ်ခဲ့

January 27, 2019

၅ ရက်အတွင်း ငလျင်ငယ် ၈ ကြိမ် လှုပ်ခတ်ခဲ့

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ငလျင်ငယ် ၈ ကြိမ်လှုပ်ခဲ့တယ်လို့ မိုေးလဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဇန်နဝါရီ ၂၂ ရက် ည ၇ နာရီလောက်က ကချင်ပြည်နယ် ဟိုပင်မြို့ရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာ စကေး ၃ ဒသမ ၆ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာတော့ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ တောင်ဘက် မိုင် ၉၀ လောက်ဝေးတဲ့ မြန်မာနိုင်င်ငံတောင်ဘက် ကမ်းရိုးတန်းနားမှာ ရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာတော့ မန္တလေး၊ စစ်ကိုင်းတိုင်းတို့မှာ ငလျင်ငယ် ၅ ကြိမ် လှုပ်ခဲ့ပါတယ်။ မနက် ၄ နာရီကျော်ကျော်က ကလေးမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး  ရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ငယ်တခု၊ မနက် ၉ နာရီခွဲလောက်မှာ ဂန့်ဂေါမြို့ရဲ့ အရှေ့တောင်ဘက် ၂၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ငယ်တခု၊ ည ၈ နာရီခွဲကျော်မှာလည်း ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ၂၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တခုတို့ လှုပ်ရှားသွားပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဖောင်းပြင်မြို့ရဲ့ အရှေ့တောင်ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး ည ၉ နာရီလောက်မှာ ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပြီး ည ၁၁ နာရီအချိန်လောက်မှာတော့ မြင်းခြံမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက် ည ၆ နာရီခွဲလောက်မှာတော့ ဖြူးမြို့ရဲ့ အနောက်တောင်ဘက် ၂၆ မိုင်လောက်ကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခဲ့ပါတယ်။
2 years Ago
Up