ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး လုပ်ခတဝက်လျှော့ယူဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လ၃ဝရက်က ဘစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။ စာချုပ်သစ်ချုပ်ဆိုဖို့ မရေမရာဖြစ်နေချိန်မှာ ပီအက်စ်ဂျီ နဲ့ မန်စီးတီးအသင်းတွေကလည်း ခေါ်ယူလိုပေမယ့် ဘာစီလိုနာမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
လုပ်ခတဝက်လျှော့ယူရမှာဖြစ်တဲ့အတွက် တစ်ပတ်လုပ်ခပေါင်၂သိန်းခွဲရရှိနိုင်ပြီး အသက် ၃၉ နှစ်အထိ ဘာစီလိုနာအသင်းမှာ ဆက်ရှိမယ်လို့သိရပါတယ်။
အသက် ၃၄ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် မိသားစုနဲ့အတူ အားလပ်ရက်ယူနေခဲ့တာပါ။
အားလပ်ရက်ခရီးပြီးဆုံးချိန်မှာတော့ ဘာစီလိုနာနဲ့ တရားဝင် စာချုပ်သစ် ချုပ်ဆိုမှာမယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး အဂွဲရိုး၊ ဒီပေးနဲ့ နောက်ခံလူ အဲရစ်ဂါစီယာတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။