၅ နှစ်သက်တမ်းတို

October 9, 2020

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း  ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဒီဘရိုင်းကို  ၅ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပါတယ်။  ဒီဘရိုင်းဟာ အသင်းနဲ့  ၂ နှစ်ခွဲ စာချုပ် သက်တမ်းကျန်ရှိသေးပေမယ့်လည်း လုပ်ခတိုးပေး ပြီး နောက်ထပ် ၂ နှစ် သက်တမ်းတိုးဖို့ မန်စီးတီးက စီစဉ်ထားတာပါ။  စာချုပ်သစ်အရ ဒီဘရိုင်းအနေနဲ့ တပတ်လုပ်ခ ပေါင် ၃ သိန်းကျော် ရရှိမှာဖြစ်ပြီး ဆုကြေး တွေနဲ့ပေါင်းမယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမားစာရင်းမှာ ပါဝင်လာမှာပါ။  ဒီဘရိုင်းဟာ မန်စီးတီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ခံရချိန်က အသင်း ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။  လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ပြန်လည် ရရှိခဲ့ပြီဖြစ်တာကြောင့် ဒီဘရိုင်းအနေနဲ့ ကစားသမားဘဝကုန်ဆုံးချိန်အထိ မန်စီးတီးမှာပဲ ဆက်လက်ကစားသွားဖို့ ရှိနေပါတယ်။ 
7 months Ago
Up