၅ နှစ်

A d v e r t i s e m e n t With Us

January 23, 2021

မကွေးတိုင်း၌ ရေရရှိရေး ၅ နှစ်အတွင်း ငွေကျပ်သန်း ၁၀,၆၀၀ ကျော်အသုံးပြု 

မကွေးတိုင်းဒေသကြီးမှာ ၅ နှစ်အတွင်း ငွေကျပ် သန်းပေါင်း ၁၀,၆၀၀ ကျော်အသုံးပြုပြီး ရေရရှိရေး လုပ်ငန်းပေါင်း ၈၀၀ လုပ်ဆောင်ပေးခဲ့တယ်လို့ တိုင်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။ အဲဒီလို ရေတွင်းရေကန်တွေ တူးဖော်ပေးလိုက်တဲ့အတွက် အိမ်ထောင်စုပေါင်း ၁၂၃,၀၀၀ ကျော်က လူဦးရေ ၅၈၉,၀၀၀ ကျော်အတွက် သောက်သုံးရေ ရရှိခဲ့ပြီး နွေရာသီ ရေရှားပါးပြတ်လပ်မှုကို လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်နွေရာသီကာလမှာလည်း သောက်သုံးရေ ရှားပါးပြတ်လပ်မှု လျှော့ချနိုင်အောင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၂,၇၀၀ ကျော်အသုံးပြုပြီး စက်ရေတွင်း ၆၇ တွင်း အပါဝင် ရေရရှိရေးလုပ်ငန်းပေါင်း ၁၅၉ ခု လုပ်ဆောင်ပေးမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက သောက်သုံးရေ ရှားပါတဲ့ကျေးရွာတွေကို နိုင်ငံတော်အစိုးရအပြင် ပြည်တွင်း ပြည်ပ အလှူရှင်တွေကလည်း စက်ရေတွင်း၊ သောက်သုံးရေ တွေ ချိတ်ဆက်လှူဒါန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ မင်းထီး
1 month Ago

January 9, 2021

ရွှေတိဂုံစေတီတော်အလှူဝင်ငွေ ၅ နှစ်အတွင်း ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာ

ရွှေတိဂုံစေတီတော်ရဲ့ အလှူဝင်ငွေဟာ ၅ နှစ်အတွင်းမှာ ကျပ်သန်းပေါင်း ၃၆,၀၀၀ ကျော် တိုးလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ၂၀၁၆-၂၁ ခုနှစ် ၅ နှစ်အတွင်းလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ ပြောခဲ့တာပါ။

ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး အလှူခံပုံးချတဲ့စနစ်ကို ကျင့်သုံးခဲ့ပြီးနောက် အလှူငွေတိုးလာတယ်လို့ ဆိုပါတယ်။

စေတီတော်မှာ ပိုကောင်းအောင်၊ ပိုလုံခြုံအောင်၊ အဆင့်မြင့်အောင်တည်ဆောက်နေပေမယ့် ရန်ပုံငွေက ကုန်မသွားဘဲ တိုးတိုးလာတယ်လို့ ဆိုပါတယ်။

“တဖက်က အလေအလွင့်မရှိအောင် ထိန်းသိမ်းလိုက်တဲ့အခါမှာ စေတီတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ငွေက ကျနော်တို့ စတင်လက်ခံဆောင်ရွက်တုန်းက ၅၈ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၇ ခုနှစ်မှာ ၆၅ ဘီလီယံ လောက်အထိ တက်ပါတယ်။ ၂၀၁၈ မှာ ၇၃ ဒသမ ၉၆ ဘီလီယံလောက် ရှိပါတယ်။ နောက် ၂၀၁၉ ခုနှစ်မှာ ၈၉ ဒသမ ၈၇ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၂၀ အောက်တိုဘာလအထိ ၉၄ ဒသမ ၁၂ ဘီလီယံ အထိ တက်လာခဲ့ပါတယ်။ ဒါကျပ်ငွေ တခုပဲ ရှိပါသေးတယ်။ အမေရိကန်ဒေါ်လာလည်း ဘာပြောပြော သန်း ၂၀ လောက် နီးပါးရှိနေပါသေးတယ်။ ကျန်တဲ့ငွေတွေလည်း ရှိနေပါသေးတယ်။”

ဖိနပ်အပ်တဲ့လုပ်ငန်းကိုလည်း ကန်ထရိုက်မပေးတော့ဘဲ ဝန်ထမ်းက ဝန်ဆောင်မှုပေးပြီး အလှူထည့်နိုင်တဲ့ ပုံစံမျိုး လုပ်ထားကာ အရင် ကန်ထရိုက်လုပ်ငန်းတုန်းကထက် ၁၀ ဆမက ပိုရတယ်လို့ ဆိုပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုက “ဟိုတုန်းက တနှစ်လုံးရတဲ့ လေလံကြေးက သိန်း ၅၀၀ မကျော်ပါဘူး။ အခု ကန်ထရိုက်စနစ် ဖြုတ်ပြီးမှ သော့ခတ်ပြီးမှ အလှူခံပုံးချတဲ့စနစ် ကျင့်သုံးလိုက်တဲ့အခါကျတော့ သိန်း ၅၀၀ က တနှစ် တနှစ်မှာပေါ့လေ။ ဝါဆိုလပြည့်နေ့တို့၊ သီတင်းကျွတ်လပြည့်နေ့တို့၊ တန်ဆောင်မုန်းလပြည့်တို့၊ အခါကြီးနေ့ကြီး ၃ ရက်နဲ့ကို သိန်း ၅၀၀ မက ရပါတယ်။ အခုကျတော့ ငွေပမာဏသည် အဆ ၁၀၀ မက တက်သွားပါတယ်။ ကျန်တဲ့လုပ်ငန်းတွေမှာလည်းပဲ အဲဒီအတိုင်းပါပဲ” လို့ ပြောပါတယ်။

စေတီတော် ရင်ပြင်တခုလုံးမှာ စကျင်ကျောက်ပြားတွေ အစားထိုး လဲလှယ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အရင်ကကပ်လေ့ရှိတဲ့ ရွှေသင်္ကန်းတွေဟာ ရန်ကုန် ရာသီဥတုကြောင့် ၅ နှစ်ပဲခံပြီး ရွှေသင်္ကန်းကပ်ဖို့ ငြမ်းဆင်ခချည်းပဲ ကျပ်သိန်း ၁၅၀၀ လောက်ကုန်ကျတယ်လို့ ပြောပါတယ်။

အဲဒီက ရွှေမိုက်ထုတ်တဲ့အခါမှာလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ရပြီး ကျန်တဲ့ရွှေတွေကတော့ မိုးလေကြောင့် ဆုံးရှုံးသွားလေ့ရှိတာကြောင့် ရာသီဥတုဒဏ်ခံနိုင်တဲ့ရွှေပြားတွေ ထုတ်လုပ်နိုင်ဖို့ ဂျပန်နိုင်ငံက တင်သွင်းလာတဲ့ ရွှေပြားကြိတ်စက်တခုကို တောင်ဘက်မုခ်နားမှာ တည်ဆောက်ပြီး အဲဒီကနေ ရွှေပြားတွေ ထုတ်လုပ်နေပြီလို့လည်း ပြောပါတယ်။

2 months Ago
Up