၅ ဒသမ ၆ အဆင့်

March 22, 2020

ဂရိအနောက်မြောက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်

ဂရိနိုင်ငံအနောက်မြောက်ပိုင်း ပရီဗီဇာအရပ်မှာ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်တရပ် မတ် ၂၁ ရက်နေ့ အစောပိုင်းမှာ လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ကင်နယ်လာကီလို့ခေါ်တဲ့ရွာမှာတော့ ကျောက်စီ အဆောက်အအုံဟောင်းတွေ ပြိုလဲကျပြီး၊ အိမ်တွေလည်း နံရံတွေ အက်ကွဲတာ၊ ဆိုင်တွေက ပရိဘောဂပစ္စည်းတွေ ပျက်စီးတာတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ပစ္စည်းတွေ ပြုတ်ကျမှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိဘူး ဆိုပါတယ်။ ဒေသတွင်း ငလျင်လှုပ်ရှားမှုကို စောင့်ကြည့်ခဲ့တဲ့ ပညာရှင်တဦးကတော့ နောက်ထပ် ၄၈ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်ဖွယ်ရှိကြောင်းလည်း ပြောထားပါတယ်။  ဂရိဟာ ငလျင်တွေနဲ့မစိမ်းတဲ့ နိုင်ငံပါ။ ၁၉၉၉ ခုနှစ်က အေသင်မြို့တော်အနီး ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်တရပ်လှုပ်ခတ်ခဲ့တာ၊ လူပေါင်း ၁၄၃ ဦး အထိ သေဆုံးခဲ့ရဖူးတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up