၅၅ မိုင်အနီး ကျေးရွာ

September 4, 2021

ပုလဲ-ဂန့်ဂေါ ကားလမ်းဘေး ၅၅ မိုင်အနီးက ကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်မီးရှို့

အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပုလဲ-ဂန့်ဂေါ-ကလေး လမ်းမကြီးဘေးက မိုင်တိုင် ၅၅ မိုင်အနီး ကျေးရွာအတွင်း စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီခွဲကျော်လောက်က မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၅၅ မိုင်အနီးကျေးရွာနေ အမျိုးသမီးတစ်ဦးက “ကျမတို့ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဝင်လာကြတယ်။ ကျမတို့လည်းကြောက်လို့ ရွာလုံကျွတ်နီးပါး ထွက်ပြေးကြရတယ်။ သူတို့လည်း ဝင်လာပြီး မကြာဘူး၊ ရွာအတွင်းက မီးခိုးလုံးတွေ တက်လာတာ တွေ့ရတယ်။ ဘာတွေကို မီးနဲ့ရှို့တာလဲဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးဗျ။ ဘာလိုလဲဆိုတော့ ရွာကလူတွေ အကုန်လုံးက ဘေးလွတ်ရာကို ထွက်ပြေးနေရလို့ပေါ့။ အခုလိုမြင်ရတာလည်း ကျမတို့‌ ဘေးလွတ်ရာ ကုန်းအမြင့်ပေါ်ကနေ လှမ်းမြင်နေရလို့ အခုလို သိရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပုလဲမြို့နယ်ပြည်သူကာကွယ်ရေ ပြောက်ကျားအဖွဲ့တို့ အခုလက်ရှိအချိန်အထိ နှစ်ဖက်တင်းမာနေကြကာ ကလေးမြို့၊ ဂန်ဂေါမြို့က စစ်ကောင်စီတပ်တွေ စစ်ကူလာရောက်နေကာ မုံရွာ နမခဘက်ကလည်း စစ်ကူတွေ အလုံးအရင်းနဲ့ သွား‌နေတာတွေ ရှိနေတယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။

၅၅ မိုင်အနီးကျေးရွာဟာ အိမ်ခြေ ၆၀ ကျော်နဲ့ လူဦးရေ ၃၀၀ နီးပါးနေထိုင်တဲ့ ပုံတောင် တောင်ပေါ်ဒေသရွာ ဖြစ်ပါတယ်။

3 months Ago
Up