၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို

October 1, 2017

၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ရန်ကုန်တွင် ကျင်းပ

  ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မူးယစ်ပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိင်ငံရဲတပ်ဖွဲ့အနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ဒီထက်ပိုမိုတိုးမြှင့်ပြီး စတုတ္ထုမဏ္ဏိုင်ဖြစ်တဲ့ မီဒီယာနဲ့အတူ ပွင့်လင်းမြင်သာယာစွာနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့အားလျော်စွာ ပြည်သူလုထုကိုအခြေပြုတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲချုပ်ဝင်းနိုင်ကပြောပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လူကုန်ကူးမှုကိစ္စတွေ တိုက်ဖျက်ရေးလုပ်ငန်း တွေကို အခုထက်ပိုပြီးလုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သုတွေအနေနစဲ့လည်း မှုခင်းတစုံတရာ ဖြစ်ပေါ်ပါက ပြည်သူ့ဝန်ဆောင်မှုတခုဖြစ်တဲ့ 199 ကို ဆက်သွယ်ပူးပေါင်းပေးပါလို့ ရဲချုပ်ဝင်းနိုင်က ပြောဆိုခဲ့ပါတယ်။  
4 years Ago

September 14, 2017

၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို သန့်ရှင်းရေးပြုလုပ် (ဓာတ်ပုံ)

အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့က ဆေးရုံတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်က မုံရွာမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ခုတင် ၂၀၀ ဆံ့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး သားဖွားမီးယပ်နှင့် ကလေးဆေးရုံတို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ဆေးရုံ အတွင်း အပြင် သန့်ရှင်းရေးတွေ လုပ်ဆောင်ခဲ့ကြတာပါ။ ရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်က “ပြည်သူဗဟိုပြု ရဲလုပ်ငန်းတွေထဲက တခုအနေနဲ့ ဒါ ကုသိုလ်လည်းရ လုပ်ဆောင်တာပါ။ ဆေးရုံ သန့်ရှင်းရေးလုပ်တဲ့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေ၊ ဝန်ထမ်းတွေ အားလုံးအတွက် သန့်ရှင်းတဲ့လေ ရမယ်။ ခြင်ကိုက်တာ လျော့ပါးသွားမယ်ပေါ့လေ။ ဒီလို သန့်ရှင်းရေးလုပ်တာအပြင် စုပေါင်းသွေးလှူဖို့လည်း ရှိပါသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆေးရုံသန့်ရှင်းရေးမှာ တိုင်းအကူတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးရထားတပ်ဖွဲ့၊ လူကုန်တား၊ မှုခင်း၊ မူးယစ်၊ မြို့နယ်၊ ခရိုင်၊ နယ်မြေခံရဲတပ်ဖွဲ့တို့က အရာရှိ၊ တပ်သားစုစုပေါင်း ၂၉၀ ကျော်က ဆေးရုံတွင်း ချုံနွယ်ရှင်းတာ၊ ရေမြောင်းဖော်တာ စတာတွေကို ပြုလုပ်ခဲ့ပါတယ်။
4 years Ago
Up