၅၂ ဦး သေဆုံး

January 18, 2018

ကာဇက်စတန်နိုင်ငံတွင် ဘတ်စ်ကားတစီးမီးလောင်၊ ၅၂ ဦး သေဆုံး

ကာဇက်စတန်နိုင်ငံမှာ ဒီကနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ဘတ်စ်ကားတစီး မီးလောင်ကျွမ်းခဲ့တဲ့အတွက် ကားပေါ်ပါ လူ ၅၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။ ကားပေါ်ပါ လူ ၅ ယောက်သာ လွတ်မြောက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ အဆိုပါ ဘတ်စ်ကားဟာ ကာဇက်စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ အက်ခ်တာအို ဒေသတွင်းမှ လမ်းမကြီးတခုပေါ်မှာ မောင်းနှင်ခဲ့တာဖြစ်ပြီး ဒီလမ်းမကြီးဟာ ရုရှားနိုင်ငံ၊ ဆမ်မရာမြို့နဲ့ ကာဇက်စတန်-ဥဇဘက်ကစ္စတန်နယ်စပ်မြို့တမြို့ဖြစ်တဲ့ ရှမ်းမ်ကန့်မြို့တွေကို ဆက်သွယ်ထားတာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီဘတ်စ်ကားဟာ ဘယ်ဘက်ကို ဦးတည်မောင်းနှင်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါ ဘူး။ ကားပေါ်ပါ သေဆုံးသူတွေအများစုဟာ ဥဇဘက်ကစ္စတန်နိုင်ငံသားတွေဖြစ်ကြပြီး ဒီလမ်းကြောင်းဟာ ဥဇဘက်ကစ္စတန် ရွှေ့ပြောင်းအလုပ်သမားတွေ ရုရှားနိုင်ငံဆီ သွားရောက်အလုပ်လုပ်ရာမှာ အသွားအပြန်အသုံးပြုလေ့ရှိတဲ့ လမ်းဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
Up