၅၁ ဦးရွေးချယ်

A d v e r t i s e m e n t With Us

October 28, 2016

အာဆီယံ ယူ ၁၈ ချန်ပီယံရှစ်အသင်းအတွက် ကစားသမား ၅၁ ဦးရွေးချယ်

လာမယ့်နှစ်မှာ  မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ပြိုင်မယ့်  မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို  ယခုနှစ် အာဆီယံ ယူ-၁၆ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့  မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက အခြေခံကာ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားတွေကိုတော့ ကလပ်အသင်း ၂၀ က ခြေစွမ်းကောင်းမွန်ပြီး အသက်မီတဲ့  ကစားသမား ၅၁ ဦးကို ပဏာမ ရွေးချယ်ထားပြီး ၄ ရက်ကြာ ခြေစွမ်း စမ်းသပ်မှုတွေ  ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပြီး၊ သူဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့  မြန်မာ ယူ-၂၀အသင်းမှာ  နည်းပြချုပ် ဂတ်ဇီဆီနဲ့ အတွဲညီခဲ့တဲ့ နည်းပြတဦးဖြစ်ပါတယ်။
4 years Ago
Up