၅၀ ဘီလီယံ

March 5, 2020

တရုတ် စက်ပစ္စည်းထုတ်လုပ်တင်ပို့မှု ဒေါ်လာ ၅၀ ဘီလီယံဖိုး ဆုံးရှုံး

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် တရုတ်ပြည်တွင်း မော်တော်ကားကနေ လက်ကိုင်ဖုန်းတွေ အထိ စက်ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်တင်ပို့နိုင်မှုဟာ ဖေဖော်ဝါရီလထဲမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး  ကုန်ကြမ်းပြတ်လပ်မှုကြောင့် နိုင်ငံတွေနဲ့ စက်မှုလုပ်ငန်းတွေကို ဒေါ်လာ ၅၀ ဘီလီယံ ဖိုးအထိ ဆုံးရှုံးနစ်နာစေနိုင်တယ်လို့ ကုလသမဂ္ဂက မတ်လ ၄ရက်မှာ ပြောလိုက်ပါတယ်။  ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားရာ ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး တခြားနိုင်ငံတော်တော်များများက တရုတ်ထုတ်ကုန် အစိတ်အပိုင်းတွေကို မှီခိုအားထားနေရတာပါ။  ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးကွန်ဖရင့်အဖွဲ့ UNCTAD က ထုတ်ပြန်မှုအရ တရုတ်က စက်ပစ္စည်းတွေ တင်ပို့နှုန်းလျော့ကျမှုကြောင့် ဥရောပသမဂ္ဂက အနစ်နာဆုံးဖြစ်ပြီး ဒေါ်လာ ၁၅ ဒဿမ ၆ ဘီလီယံ၊ အမေရိကန်က ၅ ဒဿမ ၈ ဘီလီယံ၊ ဂျပန် ၅ ဒဿမ ၂ ဘီလီယံ၊ တောင်ကိုရီးယား ၃ ဒဿမ ၈ ဘီလီယံ၊ တိုင်ဝမ် ၂ ဒဿမ ၇ ဘီလီယံ၊ ဗီယက်နမ် ၂ ဒဿမ၃ ဘီလီယံလောက် အသီးသီး ထိခိုက်ခဲ့ပါတယ်။
1 year Ago
Up