၅၀၀ ကျော်ရှိ

October 15, 2017

မဒဂတ်စကားတွင် ပလိပ်ရောဂါကြောင့် သေဆုံးသူ ၅၇ ဦးနှင့် ကူးစက်ခံရသူ ၅၀၀ ကျော်ရှိ

မဒဂတ်စကား ကျွန်းနိုင်ငံမှာ ပလိပ်ရောဂါတစ်မျိုး ပျံ့နှံ့ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ယခင်ကထက် ၂ ဆလောက် များပြားလာတယ်လို့ WHO က ပြောပါတယ်။ စက်တင်ဘာလကနေစပြီး အဲဒီပလိပ်ရောဂါကြောင့် သေဆုံးသူ ၅၇ ဦး ရှိခဲ့ပြီး  ကူးစက်ခံထားရသူ ၅၆၁ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ရောဂါပိုးရှိတဲ့ သန်းကောင်တွေကို သယ်ဆောင်ထားတဲ့ ကြွက်တွေကြောင့် ပလိပ်ရောဂါ အဓိကပြန့်ပွားတာဖြစ်ပါတယ်။ ရောဂါပိုးရှိနေတဲ့ သန်းကောင်က လူကိုက်လိုက်တဲ့အခါ ချွေးဂလန်းတွေကို ယောင်ယမ်းစေတတ်တဲ့ ပလိပ်ရောဂါဖြစ်စေတတ်ပါတယ်။ အဲဒီပလိပ်ကို ကုသနိုင်တဲ့ဆေးဝါးတွေ ရှိပေမယ့် အဆုတ်ထဲကို ရောဂါပိုးဝင်ရောက်သွားတတ်တဲ့ အဆုတ်ရောင် ပလိပ်ရောဂါကတော့ ၂၄ နာရီအတွင်း ကုသမှုမခံယူနိုင်ရင် လူနာကိုသေဆုံးစေနိုင်တယ်လို့ သိရပါတယ်။ မဒဂတ်စကားမှာ ပလိပ်ရောဂါ ဖြစ်ပွားလေ့ရှိပြီး နှစ်စဉ် ပလိပ်ရောဂါကူးစက်ခံရသူ ၄၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
4 years Ago
Up