၎ နှစ်အရွယ် ညီမဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် အစ်ကိုအား ဖမ်းဆီး

August 18, 2017

၎ နှစ်အရွယ် ညီမဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် အစ်ကိုအား ဖမ်းဆီး

ဗြိတိန်နိုင်ငံမှာ အသက် ၄ နှစ်အရွယ် ညီမဖြစ်သူကို ချော့မော့ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အစ်ကိုဖြစ်သူ ၁၃ နှစ်အရွယ် ဆယ်ကျော်သက် ကျောင်းသားတဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ဟာ လက်ရှိမှာတော့ ၅ နှစ်အရွယ်ရှိနေပြီး သူ့အသက် ၄ နှစ်အရွယ်တည်းက အစ်ကိုဖြစ်သူက ချော့မော့သိမ်းသွင်းပြီး အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။ သူတို့မောင်နှမ တူတူပုန်းတမ်းကစားတဲ့ အချိန်တိုင်းမှာ အစ်ကိုဖြစ်သူက သူကြိုက်တဲ့ သကြားလုံးတွေ ကျွေးပြီး ချော့မော့ကာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။ သူတို့ ၂ ဦးဟာ ဖအေတူ မအေကွဲ မောင်နှမတွေဖြစ်ကြပြီး လက်ရှိမှာတော့ ပြစ်မှုကျူးလွန်တဲ့ အစ်ကိုဖြစ်သူကို ဘရိုက်တ်တန် လူငယ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့တာပါ။ ဒီအမှုဟာ ညီမဖြစ်သူ ကလေးငယ်က မိခင်ဖြစ်သူကို သူ့ရဲ့ အိပ်မက်ဆိုးတွေအကြောင်း ပြန်ပြောပြခဲ့ရာကနေ ပေါ်ပေါက်ခဲ့တာပါ။ မိခင်ဖြစ်သူဟာ ဒီအဖြစ်အပျက်ကို မျက်ရည်အဝိုင်းသားနဲ့ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ “သမီးက မာမီ့ကို ပြောစရာတခုခုရှိတယ်လို့ စပြောခဲ့တာပါ။ သူက ပုံမှန်ဆိုရင် ခုလိုပြောလေ့ရှိတဲ့ ကလေးမဟုတ်ပါဘူး။ သူပြောခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ တကယ့်ကို သူ့အတွက် အရေးကြီးလို့ ပြောချင်ခဲ့တာလေ။ သူက သကြားလုံးကြိုက်တယ်။ ဒါပေမယ့် ခုလိုလုပ်ခံရတာကိုတော့ မကြိုက်ဘူး။ ကျမကို ပြန်မတိုင်ဖို့ သမီးကို သကြားလုံးနဲ့ ချော့မော့ပြီး ကျူးလွန်ခဲ့တာပေါ့။” ပြစ်မှုကျူးလွန်တဲ့ အစ်ကိုဖြစ်သူက သူဟာ ညီမဖြစ်သူကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အဓမ္မကျူးလွန်ခဲ့တယ်လို့ တရားရုံးကို သြဂုတ် ၁၆ ရက်နေ့က ဝန်ခံထွက်ဆိုထားပါတယ်။ သူ့ရဲ့ လက်ကိုင်မိုဘိုင်းဖုန်းထဲမှာလည်း ညစ်ညမ်းရုပ်ရှင်ကားတွေ အများကြီး သိမ်းထားတာကို စစ်ဆေးတွေ့ရှိထားတာပါ။ လက်ရှိမှာတော့ ဒီအမှုကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကာ အရွယ်မရောက်သေးသူကို အဓမ္မပြုကျင့်မှုနဲ့ နောက်ထပ် တရားရုံးတခုကို ဆက်လက်လွှဲပြောင်းသွားမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up