၎ နှစ်သားကလေးငယ်နှင့် တုံ့ပြန်အနမ်းဖလှယ်ခဲ့သည့် ချစ်စဖွယ် ချင်ပန်ဇီမျောက်မကြီး

April 19, 2017

၎ နှစ်သားကလေးငယ်နှင့် တုံ့ပြန်အနမ်းဖလှယ်ခဲ့သည့် ချစ်စဖွယ် ချင်ပန်ဇီမျောက်မကြီး (ရုပ်သံ)

တိရစ္ဆာန်ဥယျာဉ်တခုတွင်း မှန်တချပ်သာခြားထားတဲ့ နံရံကနေတဆင့် လေးနှစ်အရွယ် ကလေးငယ်တဦးနဲ့ ချင်ပန်ဇီမျောက်မကြီးတကောင်ကြားက တုံ့ပြန်အနမ်းပေးခဲ့ကြတဲ့ မြင်ကွင်းဟာ ကြည်နူးစရာပါပဲ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က အီတလီနိုင်ငံ ရောမမြို့မှာ ဖြစ်ခဲ့တာပါ။ ကလေးငယ် နိုလန် မိုးရ်ဟာ မိခင်ဖြစ်သူ အန်ဂျလာ တွမ်မရယ်ရီနဲ့အတူ အဲဒီတိရစ္ဆာန်ဥယျာဉ်ဆီ အလည်အပတ် လာရောက်ခဲ့တာဖြစ်ပြီး ချင်ပန်ဇီမျောက်မကြီးရဲ့ လှောင်အိမ်အနားမှာ ရှိနေခဲ့တာပါ။ ကလေးငယ် နိုလန်ဟာ ချင်ပန်ဇီမျောက်မကြီးကို ကြည့်ကာ တူတူရေဝါးကစားနည်း ကစားနေခဲ့တာဖြစ်ပြီး ခဏအကြာမှာတော့ ပျင်းရိသွားပုံပေါ်ပါတယ်။ သူဟာ လှောင်အိမ်မှန်ချပ်မှတဆင့် နှုတ်ခမ်းနဲ့တို့ထိကာ အနမ်းပေးခဲ့ချိန်မှာတော့ တကယ့်ကို အံ့အားသင့်စရာ အဖြစ်အပျက်တခု ဖြစ်သွားခဲ့ပါတော့တယ်။ ချင်ပန်ဇီမျောက်မကြီးဟာ မှန်ချပ်နားတိုးကပ်ကာ ကလေးငယ်နိုလန်ရဲ့ နှုတ်ခမ်းဆီ တိုးကပ်ကာ အနမ်းပေးခဲ့တာကို တွေ့ရပါတယ်။ မှန်ချပ်နားတိုးကပ်လိုက် အနမ်းပေးလိုက်လုပ်နေကြတဲ့ ဒီအဖြစ်အပျက်ကို ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ရုပ်သံရိုက်ယူထားခဲ့တာဖြစ်ပြီး “သူက သားကို သူ့ချစ်သူလို့ ထင်နေတာ” လို့ ပြောခဲ့တာကိုလည်း ကြားရပါတယ်။
4 years Ago
Up