၄ ဦး သေဆုံး

A d v e r t i s e m e n t With Us

October 10, 2020

လက်ဘနွန်တွင် ဓာတ်ငွေ့ကန်ပေါက်ကွဲသဖြင့် ၄ ဦး သေဆုံး

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်က အဆောက်အအုံခုမှာ အောက်တိုဘာ ၉ ရက်က ဓာတ်ငွေ့ကန် တခုပေါက်ကွဲလို့ လူ ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။  ဓာတ်ငွေ့ကန် ပေါက်ကွဲမှုကြောင့် အဆောက်အအုံမှာ မီးအကြီးအကျယ် လောင်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တခုက ဆိုပါတယ်။  ဒဏ်ရာရသူတွေထဲမှာ တဦးက ပြင်းထန်ပြီး ကျန်လူ အတော်များများကတော့ မီးခိုးငွေ့ ရှုရှိုက်မိတာလို့  ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။  သူတို့တွေကို ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆေးရုံသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။    
5 months Ago

March 21, 2020

ကိုရိုနာကြောင့် အမေရိကန်မိသားစုတစုတွင် ၄ ဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မိသားစု တစုတည်းမှာ လူ ၄ ယောက်သေဆုံးပြီး ၃ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ ဘီဘီစီသတင်းက မတ်လ ၂၀ ရက်မှာ  ဖော်ပြပါတယ်။ နယူးဂျာဆီပြည်နယ်မှာ မိသားစု ဆုံတွေ့ပွဲကြီး တက်ရောက်ပြီးနောက် ဂရေ့စ်ဖူစကိုနဲ့ သားသမီး ၆ ယောက်ဟာ ဖျားနာတာတွေ ဖြစ်ခဲ့တာပါ။   သေဆုံးခဲ့တဲ မိသားစုဝင် ၄ ဦးဟာ မိခင်ဖြစ်သူ  ဂရေ့စ်ဖူစကို၊ သားသမီးတွေဖြစ်တဲ့ ရီတာ-ဖူစကို ဂျက်ဆင်  ကာမင်းဖူစကို နဲ့ ဗင်းဆင့်ဖူစကိုတို့ ဖြစ်ပါတယ်။   အသက် ၇၃ နှစ် အရွယ် ဂရေ့စ်ဖူစကိုဟာ မတ် ၁၈ ရက်က သေဆုံးပြီး  ကာမင်းဖူစကိုကတော့ မိခင်သေဆုံးပြီး နာရီပိုင်းအကြာမှာ သေဆုံးခဲ့ပါတယ်။  မတ် ၁၉ ရက်မှာတော့ ဂရေစ်ဖူစကို သေဆုံးတဲ့ ဆေးရုံမှာပဲ သားဖြစ်သူ ဗင်းဆင့် ဖူစကို သေဆုံးခဲ့ပါတယ်။  ဂရေ့စ်ဖူစကိုရဲ့ သမီးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ်  ရီတာဖူစကိုဟာ မတ်လ ၂၀ ရက်က သေဆုံးခဲ့ပြီး သူ့မှာ ရောဂါအခံမရှိဘူးလို့ နယူးဂျာစီပြည်နယ် ကျန်းမာရေးဌာနအကြီးအကဲက ပြောခဲ့ပါတယ်။   ဒါ့အပြင် တခြားဆွေမျိုး အယောက် ၂၀ ခန့်ကိုလည်း အခုအခါ သီးခြားစောင့်ကြည့်နေပြီး ဗိုင်းရပ်စ် ကူးစက်ခံရတာ ရှိ၊မရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေပါတယ်။   မတ်လ ၂၁ ရက်အထိ အမေရိကန် နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၇၉ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း နှစ်သောင်းနီးပါး ရှိတယ်လို့ Worldometer ဝက်ဆိုက်အရ သိရပါတယ်။ 
12 months Ago
Up