တူရကီနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်က အားပြင်းငလျင်ကြောင့် ၄ ယောက် သေဆုံးပြီး အယောက် ၁၂၀ ဒဏ်ရာရခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောခဲ့ပါတယ်။
ပြင်းအား ၆ ဒသမ ၆ မဂ္ဂနီကျူ့ရှိပြီး ဗဟိုချက်ဟာ အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ လှုပ်ခတ်ခဲ့တါလို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ဆိုပါတယ်။
အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။
မြေငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ပြီး အစ္စမေးလ်ခရီးသွားမြို့က အဆောက်အဦတချို့ လည်း ပြိုကျခဲ့ပါတယ်။
ဒါ့အပြင် မြေငလျင် သက်ရောက်မှုကို တူရကီနဲ့ ဂရိနှစ်နိုင်ငံစလုံး ခံစားခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago