၎ ဦး သေဆုံး

May 14, 2017

ဂရိနိုင်ငံတွင် ခရီးသည်တင် ရထားတိမ်းမှောက်၊ ၄ ဦး သေဆုံး

ဂရိနိုင်ငံ မြောက်ပိုင်းမှာ ခရီးသည်တင် ရထားတစီး မေ ၁၃ ရက်နေ့က လမ်းချော်တိမ်းမှောက်ခဲ့လို့ လူအနည်းဆုံး ၄ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရထားကုမ္ပဏီက ပြောပါတယ်။ အသင်မြို့တော်က ထွက်လာပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ သက်ဆာလော့နီကီကို သွားတဲ့ ရထားဟာ အေဒန်ဒရိုမြို့နားမှာ လမ်းချော်ခဲ့တာဖြစ်ပြီး ရထားအင်ဂျင်က အနားက အိမ်ထဲ လိမ့်ဝင် သွားခဲ့တာပါ။ ဘာကြောင့် ခုလို ဖြစ်ရလဲဆိုတာ မသိရသေးဘူးလို့ ရဲအရာရှိ တယောက်က ပြောပါတယ်။ ရထားမောင်းသူလည်း အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ရထား ကုမ္ပဏီက ပြောပါတယ်။ မတော်တဆ ဖြစ်ချိန်မှာ ခရီးသည် အယောက် ၁၀၀ လောက် ရထားပေါ်မှာ ပါလာပြီး ရထားတွဲ ငါးတွဲ လမ်းချော်ခဲ့တယ်လို့ အေသင် သတင်းဌာနက အစီရင်ခံပါတယ်။ မီးသတ်ကား ၁၂ စီးနဲ့ တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေး လုပ်နေတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
4 years Ago

March 23, 2017

နိုင်ဂျီးရီးယားတွင် စစ်ပြေးဒုက္ခသည်များကို ပစ်မှတ်ထား တိုက်ခိုက်၊ ၄ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့မှာ ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေကို ပစ်မှတ်ထား ဖောက်ခွဲမှုတွေကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲ ကော်မရှင်နာမင်းကြီးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဘော်နိုပြည်နယ်အတွင်း မနက် ၄ နာရီခွဲအချိန် အသေခံ ဗုံးခွဲမှု ၃ ခု ဖြစ်ခဲ့တယ်။ ဘိုကိုဟာရမ် စစ်သွေးကြွတွေရဲ့ သူပုန်ထမှုကို ဒီမြို့က အဆိုးဆုံးခံရတဲ့ ဖြစ်ရပ်ပဲလို့ ရဲမင်းကြီး ဒေမီးယန်း ချီကူက ပြောပါတယ်။ ပေါက်ကွဲမှု ၂ ခုက ဘိုကိုဟာရမ်တွေ လက်ကနေ ထွက်ပြေးလာတဲ့ သူတွေအတွက် အခြေချ စခန်းမှာ ဖြစ်ခဲ့တယ်၊ တိုက်ခိုက်သူတွေ အားလုံးလည်း တခြားလူတွေနဲ့အတူ သေဆုံးတယ်လို့ သူက ဆက်ပြောပါတယ်။ ဘိုကိုဟာရမ်တွေဟာ နိုင်ဂျိးရီးယား အရှေ့မြောက်ပိုင်းမှာ အစ္စလာမစ် ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတာ ၈ နှစ် ရှိပါပြီ။ သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁ သောင်းခွဲလောက် သေဆုံးခဲ့ပြီး လူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
5 years Ago
Up