၎ ဦး ဒဏ်ရာရ

February 18, 2018

ဂါဇာ နယ်စပ်ခြံစည်းရိုးအနီး ဗုံးပေါက်ကွဲ၊ အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရ

ဂါဇာကမ်းမြှောင်ဒေသ နယ်စပ် ခြံစည်းရိုးအနီးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တာကြောင့် အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရပြီး ၂ ဦးဟာ ဒဏ်ရာပြင်းတယ်လို့ အစ္စရေး စစ်ဘက်ကဆိုပါတယ်။ အဆိုပါ ဗုံးကွဲမှုဟာ ဟားမတ်စ်တို့ ထိန်းချုပ်ရာ ပါလက်စတိုင်းနယ်မြေ တောင်ဘက်မှာ ဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။ အစ္စရေးတို့ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာ ဒေသရှိ စောင့်ကြည့်ရေး ကင်းစခန်းကို တင့်ကားနဲ့ ပစ်ခတ်ခဲ့ပေမယ့် ဒဏ်ရာရသူ မရှိပါဘူး။ အခုတိုက်ခိုက်မှုဟာ ၂၀၁၄ ဂါဇာစစ်ပွဲနောက်ပိုင်း တိုက်ခိုက်မှု တစ်ခုထဲမှာ  အစ္စရေးဘက်က ဒဏ်ရာရရှိမှု အများဆုံးဖြစ်တယ်လို့ အစ္စရေး မီဒီယာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

January 4, 2018

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၄ ဦး ဒဏ်ရာရ

ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၆/၆ နဲ့ ၇ ကြားမှာ ဇန်နဝါရီ ၃ ရက် ညနေက ခရီးသည်တင် ကားတစီးတိမ်းမှောက်ခဲ့လို့ ခရီးသည် ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ မန္တလေးဘက်ကလာတဲ့ ယာဉ်မောင်း အောင်သူဟိန်း မောင်းနှင်လာတဲ့ ခရီးသည်တင် အန်စာတုံးကားဟာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းရဲ့ဘယ်ဘက်ဘေးမှာ တိမ်းမှောက်သွားရာမှာ ကားပေါ်မှာ ယာဉ်မောင်းပါ ၉ ဦးအနက် ခရီးသည် ၄ ဦး ဒဏ်ရသွားတယ်လို့ သိရပါတယ်။ ရွှေတောင်ရွာရဲစခန်း စခန်းမှူးက “ခရီးသည် ၄ ဦးတော့ ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံကို ပို့ပေးရတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ကားကတော့ ပျက်စီးမှု ရှိတယ်” လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းက အောင်သူဟိန်းကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
More News
Up