၎ ဦးသေဆုံး (ရုပ်သံ)

October 26, 2016

သြစတြေးလျ အပန်းဖြေဥယျာဉ်တွင် မတော်တဆဖြစ်၊ ၄ ဦးသေဆုံး (ရုပ်သံ)

သြစတြေးလျနိုင်ငံရဲ့အကြီးဆုံး အပန်းဖြေဥယျာဉ် Dreamworld မှာ river rapids ride လို့ ခေါ်တဲ့ စီးနင်းကစားမှုတရပ်မှာ စက်ချို့ယွင်းမှုကြောင့် အင်္ဂါနေ့က လူ ၄ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။ စီးနင်းသူ ၂ ယောက် လွင့်ထွက်သွားခဲ့ပြီး တခြား ၂ ယောက်ကတော့ အထဲမှာ ပိတ်မိခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေ အုပ်လိုက်ကြီးရဲ့ ရုပ်ပုံကို မီဒီယာတွေက ထုတ်လွှင့် ပြသပါတယ်။ ဒီဥယျာဉ်ဟာ ကွင်းစလန်ပြည်နယ်ရဲ့ အဓိက ခရီးသွားခရိုင် ဂိုးလ်ကမ်းရိုးတန်းမှာ ရှိတာပါ။ သေဆုံးသူတွေက အသက် ၃၀ နဲ့ ၄၀ ကြားမှာ ရှိပြီး ဒေသခံတွေလား၊ ကမ္ဘာလှည့် ခရီးသည်တွေလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတွေက ပြောပါတယ်။ စက်ချို့ယွင်းရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ Dreamworld ဥယျာဉ်ရဲ့ အမှုဆောင် အရာရှိချုပ်က သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် စာနာကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ ကမ္ဘာတလွှား အပန်းဖြေဥယျာဉ်အတွင်း လူသေမှု အများဆုံး မတော်တဆမှုလည်း ဖြစ်ခဲ့ပါတယ်။
5 years Ago
Up