၄ သောင်းကျော်

A d v e r t i s e m e n t With Us

June 6, 2020

ဗြိတိန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ၄ သောင်းကျော်လာ

ဗြိတိန်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သိန်း ၈ သောင်းကျော်နဲ့ သေဆုံးသူဦးရေ ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။ ဒီရောဂါဟာ တကယ့်ခြိမ်းခြောက်မှုအဆင့်မှာပဲ ရှိနေသေးလို့ ပြည်သူတွေ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မတက်ဖို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ထ်ဟန်းကော့ခ်က ပြောလိုက်ပါတယ်။ အမေရိကန်မှာ လက်နက်မဲ့ လူမည်းအမျိုးသား တယောက် သေဆုံးအပြီး လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေအတွင်း လူထောင်သောင်းချီ ချီတက်ခဲ့ကြပါတယ်။ သီတင်းပတ် ကုန်ရက်တွေမှာ ဆန္ဒပြပွဲတွေ ထပ်လုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ချစ်ခင်သူတွေ ဘေးကင်းရေးအတွက် လူအုပ်စုဝေးတဲ့ နေရာတွေကို အထူးသဖြင့် လူ ၆ ယောက်ထက်ပိုတဲ့ နေရာတွေ ပွဲတွေကို မတက်ရောက်သင့်ဘူးလို့လည်း ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဇွန် ၁၅ ရက်ကစပြီး ဆေးရုံတက် လူနာတွေ၊ သူနာပြုတွေ၊ လူနာတွေနဲ့ ဧည့်သည်တွေဟာ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ထားရလိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။ ပြည်သူတွေ အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို သုံးရင်လည်း အလားတူ စည်းမျဉ်းကိုပဲ ကျင့်သုံးမယ်လို့ ဆိုပါတယ်။
9 months Ago
Up