၄ မြို့နယ်

August 11, 2021

ကိုဗစ်-၁၉ လူနာသစ် ၄၀၀၀ ကျော်တွင် မန္တလေးတိုင်း ၄ မြို့နယ်က ကူးစက်မှုအများဆုံး ဖြစ်

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄,၄၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ မန္တလေးတိုင်ဒေသကြီး မြို့နယ် ၄ ခုဖြစ်တဲ့ နွားထိုးကြီး၊ စဉ့်ကူး၊ သ ပိတ်ကျင်း၊ မိတ္ထီလာမြို့နယ်တွေက ရာချီကူးစက်မှု အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၅၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၄၃၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုး တွေ့နှုန်း ၃၀ ဒသမ ၆၇ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၆၈၀ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၂,၂၃၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၇,၅၆၁ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ရောဂါကူးစက်မှုနှုန်းမှာလည်း မန္တလေးတိုင်းဒေသကြီး က ရောဂါကူးစက်ခံရသူပေါင်း ၇၉၄ ယောက်နဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ပဲခူး တိုင်းဒေသကြီးနဲ့ နေပြည်တော်က ကူးစက်ခံရသူပေါင်း ၅၀၀ ကျော်စီနဲ့ အသီးသီး ရှိနေ ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

4 months Ago

February 4, 2020

ရခိုင်ပြည်နယ် ၄ မြို့နယ်တွင် အင်တာနက် ထပ်မံဖြတ်တောက်

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၄ မြို့နယ်မှာ ဖေဖော်ဝါရီ ၃ ရက် ညက အင်တာနက် အသုံးပြုခွင့် စတင်ဖြတ်တောက်လိုက်ကြောင်း ဆက်သွယ်ရေးအော်ပရေတာတွေဆီ စာပို့လာတယ်လို့ အင်တာနက် အသုံးပြုသူတွေက ပြောပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံမြို့နယ်တွေကို MPT ၊ Ooredoo နဲ့ Telenor တို့က အင်တာနက်ဖြတ်တောက်ထားပြီး Ooredoo က အင်တာနက် ဖြတ်တောက်မယ်လို့ အသုံးပြုသူတွေကို စာပို့လာပြီးနောက်မှာ အသုံးပြုမရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “မနေ့ည ၁၀ နာရီလောက်က စပြီးတော့ အင်တာနက်လိုင်းတွေ ပိတ်တယ်လို့ ကြားတယ်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံရယ်ပေါ့နော်။  အမ်းဘက်ကိုတော့ ကျနော် လှမ်းပြီးတော့ မဆက်သွယ်ရသေးဘူး။” ပြီးခဲ့တဲ့လပိုင်းတွေက အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့တဲ့ မြို့နယ်တွေကို လပိုင်းအနည်းငယ်သာ အသုံးပြုပေးခဲ့ပြီးနောက်  အခုလိုနောက်တဖန် အင်တာနက် အသုံးပြုခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ကျနော်တို့ဘက်က နစ်နာတာတွေကတော့ မြေပြင် ပကတိအခြေအနေကို မသိနိုင်တော့ဘူးပေါ့။ သတင်းမှောင်အချခံရတယ်။ သတင်းအမှောင်ချခံရတဲ့အခါမှာ ဒီလို လုပ်ကြံတဲ့သတင်းတွေပို ပြီးတော့ များလာတက်ပါတယ်။ ပိုပြီးတော့လည်း မုန်းတီးမှုတရားတွေ သတင်းတင်လို့ရတဲ့ နေရာတွေက မြေပြင်ရဲ့အခြေအနေရဲ့ ကွဲလွဲပြီးတော့ အမှန်တရားကို ထိမ်ချန်ပြီးတော့ သတင်းမှားတွေ လွှင့်ထုတ်ဖို့ ပိုပြီးတော့ အခွင့်အလမ်းရစေတယ်”လို့ ပြောပါတယ်။  ရခိုင်ပြည်နယ်အတွင်းမှာ အမုန်းတရားဖြန့်ချိမှု အကြောင်းပြချက်နဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်း အရင်ကတည်းက အင်တာနက် အသုံးပြုခွင့်ကိုပိတ်ထားခဲ့ပြီး လက်ရှိပိတ်လိုက်တဲ့ မြို့နယ် ၄ မြို့နယ်နဲ့ပေါင်း စုစုပေါင်း ၈ မြို့နယ်မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခံထားရပါတယ်။ ဝဏ္ဏခွာညို
2 years Ago
Up