၄ နှစ် ကလေး

October 4, 2020

မကွေးတိုင်းတွင် ၄ နှစ် ကလေး ၁ ဦးအပါအဝင် ရန်ကုန်ပြန် ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မကွေးတိုင်းအတွင်းက မြို့နယ် ၂ မြို့နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက အသက် ၄ နှစ်အရွယ် ကလေး ၁ ဦးအပါဝင် ရန်ကုန်ပြန် ၇ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ အသွားအလာ ကန့်သတ်ထားတဲ့ အောင်လံမြို့နယ်က အသက် ၃၁၊ ၃၄၊ ၃၉ နှစ်အရွယ် အမျိုးသား ၃ ဦးနဲ့ စလင်းမြို့နယ်က အသက် ၄ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးနဲ့ အသက် ၂၂၊ ၂၄၊ ၄၄ နှစ်အရွယ် အမျိုးသမီး ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက DVB ကို ပြောပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်ပြည်သူ့ဆေးရုံတွေမှာ ကုသပေးမှာဖြစ်ပြီး လူနာတွေနဲ့ ထိစပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဓာတ်ခွဲနမူနာ ပေးပို့သွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၁ ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူအယောက် ၃၀ နဲ့ ဆေးကုသမှုခံယူနေသူ ၂၁ ဦး ရှိနေတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
7 months Ago
Up