တူရကီ မြေငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အအုံထဲမှာ နာရီပေါင်း ၉၀ ကြာ ပိတ်မိနေတဲ့ ၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို နိုဝင်ဘာ ၃ ရက်က အသက်ရှင်လျက် ကယ်ထုတ်နိုင်လိုက်ပါတယ်။
အိုင်ဒါဂေဇင် ဆိုသူ မိန်းကလေးဟာ အပျက်အစီးများတဲ့ နိုင်ငံအနောက်ပိုင်း အစ္စမေးမြို့ ငလျင်အတွင်း အသက်ရှင်ရက် ကယ်ထုတ်နိုင်တဲ့ နောက်ဆုံးတစ်ယောက်လည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်က အေဂျင်ယန်ပင်လယ်မှာ လှုပ်ခဲ့တဲ့ မြေငလျင်ကြောင့် စုစုပေါင်း သေဆုံးသူက အယောက် ၁၀၀ အထိ ရှိလာတယ်လို့ တူရကီ အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့ (AFAD) က ဆိုပါတယ်။
ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိတဲ့ မြေငလျင်ကြောင့် အစ္စမေး ကမ်းရိုးတန်းမြို့မှာ ၉၈ ယောက် သေဆုံးပြီး ဂရိဆေမို့စ်ကျွန်းမှာ ဆယ်ကျော်သက် နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒီမြေငလျင်ဟာ ဆယ်စုနှစ် တစ်ခုနီးပါးအတွင်း တူရကီကို ရိုက်ခတ်တဲ့ လူအသေအပျောက် အများဆုံး ငလျင်ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
2 years Ago