၎ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်

August 12, 2017

မြန်မာယူ ၁၈ က အင်တာမီလန်ကို ၄ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်

မြန်မာယူ ၁၈ နဲ့ အင်တာမီလန်ယူ ၁၈ အသင်းတို့ရဲ့ ခြေစမ်းပွဲကို သြဂုတ် ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်တာမီလန်က ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ မြန်မာယူ ၁၈ အသင်းဟာ ပထမပိုင်းမှာ ကစားကွက်တည်မရခဲ့တာကြောင့် ပွဲချိန် ၁၆ မိနစ် ၂၀ မိနစ်နဲ့ ၄၁ မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ ပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ကစားကွက်ပြောင်းလဲခဲ့တဲ့ မြန်မာယူ ၁၈ အသင်းဟာ အင်တာမီလန်ယူ ၁၈ အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ မြန်မာနောက်တန်းအမှားကနေတဆင့် အင်တာမီလန်က တစ်ဂိုးထပ်သွင်းပါတယ်။ ကစားကွက်ကောင်းလာတဲ့ မြန်မာအသင်းဟာ ပွဲချိန် ၆၂ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ပြည့်စုံနိုင်က ပထမချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာလည်း ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က ဧရိယာထိပ်ကနေ ကန်သွင်းပြီး ဒုတိယချေပဂိုးရခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာလည်း မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မူ အသာရခဲ့ပေမယ့် အင်တာမီလန် အသင်းက လူစားလဲမှုတွေလုပ်ပြီး ထိန်းကစားခဲ့တာကြောင့် ၄ ဂိုး ၂ ဂိုးနဲ့ မြန်မာလူငယ်အသင်း ရှုံးနိမ့်ခဲ့တာပါ။ မြန်မာယူ ၁၈ အသင်းဟာ လာမယ့် သြဂုတ် ၁၃ ရက်မှာလည်း အင်တာမီလန်ယူ၁၈ နဲ့ ဒုတိယအကြိမ် ဆက်ပြီးခြေစမ်းမှာဖြစ်ပါတယ်။
4 years Ago
Up