၄၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်အသင်းအဖြစ် ရီးရဲလ် စံချိန်တင်

March 13, 2017

၄၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်အသင်းအဖြစ် ရီးရဲလ် စံချိန်တင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရီးယဲလ်ဘက်တစ်နဲ့ လာလီဂါ အမှတ်ပေးပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ ၄၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့အသင်းအဖြစ် စံချိန်တင်သွားပါတယ်။ ဒီပွဲမတိုင်ခင်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက ၁၉၆၃ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ ၄၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန် တင်ထားတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘက်တစ်နဲ့ပွဲမှာ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် စီရော်နယ်ဒိုက ချေပဂိုးသွင်းယူပြီး ပွဲပြီးခါနီးမှာ နောက်ခံလူ ရာမို့စ်က အနိုင်ဂိုးသွင်းခဲ့တာပါ။ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာအသင်း ရှုံးပွဲတွေ့ခဲ့တာကို အခွင့်အရေးယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ၂ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တပွဲလည်း ကစားဖို့ ကျန်သေးတာကြောင့် ဘာစီလိုနာအသင်းကို အမှတ်ဖြတ်နိုင်ဖို့ အခွင့်အရေး ကောင်းသွားပါတယ်။
5 years Ago
Up