အမေရိကန်အထက်လွှတ်တော်ကအတည်ပြုပြီး လွှဲပေးထားတဲ့ ဒေါ်လာ ၄၈၄ ဘီလီယံ တန်ဖိုးရှိ COVID-19 ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်ကို အောက်လွှတ်တော်က ဧပြီ ၂၃ မှာ ထပ်မံ အတည်ပြု ပေးလိုက်တာမို့ သမ္မတက လက်မှတ်ရေးထိုးပေးဖို့ ကျန်ပါတော့တယ်။
ဒီမိုကရတ်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်မှာ စတုတ္ထအကြိမ်မြောက် ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်ဖြစ်တဲ့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၃၈၈ ကန့်ကွက် မဲ ၅ မဲနဲ့ အများစုက အတည်ပြုပေးခဲ့တာပါ။
ဒါ့ကြောင့် စုစုပေါင်းအတည်ပြုပြီး ဘဏ္ဍာရေးကယ်ဆယ်ရေးအစီအစဉ်လေးခုရဲ့ တန်ဖိုးက ဒေါ်လာ ၃ ထရီလီယံနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။
အခု ဘဏ္ဍာရေးကယ်ဆယ်မှု အစီအစဉ်မှာတော့ ကပ်ဘေးကြောင့် ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းငယ်လေးတွေနဲ့ ဆေးရုံတွေကို ကူညီသွားဖို့ လျာထားတယ်ဆိုပါတယ်။
လုပ်ငန်းငယ်လေးတွေကို ချေးငွေအစီအစဉ်နဲ့ ထုတ်ချေးပေးဖို့ ဒေါ်လာ ၃၁၀ ဘီလီယံဖြစ်ပြီး ဆေးရုံတွေက ဒေါ်လာ ၂၅ ဘီလီယံရပါမယ်။
၂၅ ဘီလီယံကတော့ COVID-19 စစ်ဆေးမှုတွေအတွက် သုံးမယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
10 months Ago