ပြင်သစ်အစိုးရက အာဖရိကတိုက် ဆာဟဲဒေသက နိုင်ငံတွေဖို့ ကူညီဖို့ အမေရိကန်ဒေါ်လာ ၄၇ သန်းကို ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေပါတယ်။
၂၀၁၅ ပါရီတိုက်ခိုက်မှုလိုမျိုး အလားတူ ဘာသာရေး စစ်ဝါဒီ တိုက်ခိုက်မှု တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်တာလို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက သောကြာနေ့က ပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်တဲ့ ဆာဟဲ့ဒေသ ဝေးလံသီခေါင်တဲ့ ကန္တာရဟာ သောင်းပြောင်း ရောနေတဲ့ ဘာသာရေး စစ်ဝါဒီ အုပ်စုတွေကို လက်ခံရာ နေရာဖြစ်လာနေတာပါ။
G5 Sahel ဆိုတာ ဒေသတွင်း လုံခြုံရေးအဖွဲ့ဖြစ်ပြီး ချဒ်နိုက်ဂျာ ဘာကီနာဖာစို မာလီနဲ့မောရစ်တာနီးယား နိုင်ငံတွေ ပါပါတယ်။
ဒီအဖွဲ့ဝင် နိုင်ငံ အားလုံးကို သင်တန်းပေးမှာ ဖြစ်ပြီး ဘဏ္ဍာရေး ထောက်ပံ့မယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးရဲ့ ဆီနီဂေါနိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ပြောခွင့်ရက ပြောပါတယ်။ ဘဏ္ဍာရေး ပံ့ပိုးမှာက ၂၀၁၇ကနေ ၂၀၂၂ ကြား ကာလဖြစ်တယ်လို့ ဆိုပါတယ်။
ပြင်သစ် အမျိုးသား ရဲတပ်ဖွဲ့က အဓိကရုဏ်း ထိန်းချုပ်ရေး အရာရှိတွေဟာ လောလောဆယ် မြို့တွင်းပစ်မှတ် တိုက်ခိုက်မှုအတွက် ဆီနီဂေါ ရဲတပ်ဖွဲ့ကို သင်တန်းပေး နေပါတယ်။
ပြင်သစ်ကိုလိုနီဟောင်းတွေ ဖြစ်လို့ ဒီငါးနိုင်ငံ တလွှားမှာ ပြင်သစ်စစ်တပ်တွေ ရှိနေတာပါ။
ဘာသာရေး စစ်ဝါဒီတွေကို ခြေရာခံ လိုက်ဖမ်းဖို့ ရှိနေပါတယ်။
ဆီနီဂေါ နိုင်ငံနဲ့မဟာမိတ် အမေရိကန်ကလည်း ဆီနီဂေါနဲ့စစ်ရေး ပူးပေါင်းမှု တိုးမြှင့် ခဲ့ပါတယ်။
ဒီနှစ်ထဲမှာ အမေရိကန် စစ်တပ်တွေ ဆီနီဂေါမှာတပ်ချရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။
6 years Ago